ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်း ၈၄၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Monday, March 23, 2026

ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်း ၈၄၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်တွင် မတ်လ ၁၉ ရက်၊ နံနက်ပိုင်းက ငွေကျပ် သိန်း ၈၄၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မတ်လ ၁၉ ရက်၊ နံနက် ၇ နာရီခွဲခန့်က ကွန်ဟိန်းမြို့နယ်၊ ဆိုင်းမွန်ကျေးရွာအနီး၊ ကွန်ဟိန်း-ခိုလမ်သွားကားလမ်းတွင် မော်တော်ယာဉ် များအား စစ်ဆေးရှာဖွေစဉ် စိုင်းလိန်ခမ်း မောင်းနှင်ပြီး စိုင်းဆိုင်ဝမ်း လိုက်ပါလာသည့် TOYOTA PROBOX အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက် သယ်ဆောင်လာသော ဘိန်းဖြူဘလောက်တုံး ၂၀၀ တုံး၊ အလေးချိန် ၇၀ ကီလို၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၈၄၀၀ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဆက်လက်ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ဘိန်းဖြူဘလောက်တုံးများ သယ်ဆောင်ခိုင်းသူ စိုင်းခမ်းရွက်(ခ)စိုင်းရွက် အား ၎င်းနေထိုင်သည့် မိုင်းပျဉ်းမြို့နယ်၊ ကာလိမြို့၊ ရပ်ကွက် (၅) ရှိနေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

အဆိုပါ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ စိုင်းလိန်ခမ်း၊ စိုင်းဆိုင်ဝမ်း နှင့် စိုင်းခမ်းရွက် (ခ) စိုင်းရွက် တို့ ၃ ဦးအား ကွန်ဟိန်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages