မိုးနဲ၌ လယ်မြေဧက ၇၀၀၀ နှစ်စဥ်ရေနစ်မြုပ်နေသည့်ကိစ္စ ပြည်သူ့လွှတ်တော်သို့ အရေးကြီးအဆို တင်မည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Monday, March 23, 2026

မိုးနဲ၌ လယ်မြေဧက ၇၀၀၀ နှစ်စဥ်ရေနစ်မြုပ်နေသည့်ကိစ္စ ပြည်သူ့လွှတ်တော်သို့ အရေးကြီးအဆို တင်မည်

၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲဒေသ၌ နှစ်စဉ် မိုးရာသီရောက်တိုင်း တောင်သူ လယ်သမားများ၏ လယ်မြေ ၇၀၀၀ ကျော် ရေနစ်မြုပ်နေမှုနှင့် ပတ်သက်၍ အရေးကြီး အဆိုကို ပြည်သူ့လွှတ်‌တော် အစည်းအဝေးသို့ တင်သွင်းမည်ဟု မိုးနဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းလင်း ထံမှ သိရသည်။


"တောင်သူလယ်သမား ၁၀၃ ဦးက ကျနော့်ဆီကို ဒီကိစ္စ စာ ပို့လာတယ်။ အခု မိုးမကျမီ ပြုလုပ်ပေးနိုင်ဖို့ တောင်းဆိုပါတယ်။ ဒါကို ကျနော်က ကြယ်ပွင့်ပြ အရေးကြီးအဆို တင်သွင်းမှာပါ။" ဟု စိုင်းထွန်းလင်း က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

မိုးနဲမြို့တွင် စီးဆင်းနေသည့် တောင်ကျချောင်း ၂ ခုမှ မြေသား အနယ်အနှစ်များ ချောင်းရေအတိုင်း ပို့ချလာသဖြင့် စက်ပျိုးမြေဧက ၁၅၀၀၀ အနက် ၇၀၀၀ ကျော်မှာ နှစ်စဥ် ရေလွှမ်းခံနေရသဖြင့် လယ်သမားများ ထိခိုက် ဆုံးရှုံးနေရခြင်း ဖြစ်ကြောင်း သိရသည်။

.

" နမ့်တွန်ချောင်းရဲ့ ၄/၅ နေရာလောက်ကိုနုန်းမြေတွေ ဖို့ပြီး အဲနေရာတွေမှာ ကိုင်းမြက်တွေ ပေါက်၊ ရေစီးရေလာ ပိတ်တော့ ချောင်းရေက လယ်တွေအပေါ် နှစ်စဥ် ရေလွှမ်းနေပါတယ်။ ဒါကို စက်ယန္တရားကြီးတွေနဲ့ တူးဖော်ဖယ်ရှားမှ ရမှာ ဖြစ်လို့ လွှတ်တော်ကိုယ်စားလှယ်ကို တင်ပြတောင်းဆိုတာပါ။" ဟု မိုးနဲမြို့မှ လယ်သမား တစ်ဦးက ပြောသည်။

.

စိုင်းထွန်းလင်းသည် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ကိုယ်စားပြုဖြင့် မိုးနဲမြို့နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ် တင်မြှောက်ခံရသူ ဖြစ်သည်။

.

#KBZTai  #Shan  #Mongnai

No comments:

Post a Comment

Pages