၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့အနီး လွယ်မောကျေးရွာ နယ်နိမိတ်ရှိ KTV ၌ HI ခန်း ပြုလုပ်နေသူများကို ကတ်တမင်း (K) သုံးရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် အတူ ယနေ့ မတ်လ ၂၉ ရက်၊ နံနက် အစောပိုင်း၌ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း သိရသည်။
.
အောင်ပန်းမြို့ အနီး လွယ်မောကျေးရွာရှိ H20 KTV အခန်းအမှတ်(333) သို့ ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေရာ ဖုန်းဖြင့် DJ ဖွင့်လှစ်၍ ကခုန်ကာ HI ခန်း ပြုလုပ်နေသည့် တောင်ကြီးမြို့နေသူ လူငယ် ၇ ဦးကို ကတ်တမင်း (K) သုံးစွဲရာတွင် အသုံးပြုသည့် ကြွေပန်းကန်၊ ရောင်စုံပိုက် ၇ ချောင်း၊ K ခွဲရာတွင် အသုံးပြုသည့် ဖဲချပ် ၃ ချပ်၊ ကတ်တမင်း (K) တစ်ဂရမ်ခန့်စီ ပါဝင်သည့် အထုပ် ၄ ထုပ်တို့နှင့်အတူ တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ HI ခန်း ပြုလုပ်၍ ကတ်တမင်း (K) သုံးသူ တောင်ကြီးမြို့နေသူ လူငယ် ၇ ဦးကို အောင်ပန်းနယ်မြေ ရဲစခန်း၌ မူး/စိတ် ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး အရေး ယူထားကြောင်း သိရသည်။
.
Sunday, March 29, 2026
Home
မှုခင်း
ရှမ်းတောင်
အောင်ပန်း
အောင်ပန်းမြို့အနီးရှိ KTV ၌ HI ခန်း ပြုလုပ်သူများကို K သုံးရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် အတူ ဖမ်းမိ
အောင်ပန်းမြို့အနီးရှိ KTV ၌ HI ခန်း ပြုလုပ်သူများကို K သုံးရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် အတူ ဖမ်းမိ
Tags
# မှုခင်း
# ရှမ်းတောင်
# အောင်ပန်း
Share This
About Kanbawza Tai News
အောင်ပန်း
Tags
မှုခင်း,
ရှမ်းတောင်,
အောင်ပန်း
Subscribe to:
Post Comments (Atom)



No comments:
Post a Comment