ကလောမြို့နယ်၌ WY စိတ်ကြွ ရူးသွပ်ဆေးပြား ၃၀၀၀ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, March 27, 2026

ကလောမြို့နယ်၌ WY စိတ်ကြွ ရူးသွပ်ဆေးပြား ၃၀၀၀ ဖမ်းမိ

၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်


ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ တောင်ကွဲကျေးရွာအုပ်စု၊ ကုန်းပေါ်ရွာအနီး၌ WY စိတ်ကြွ ရူးသွပ်ဆေးပြား ၃၀၀၀ ကို သယ်ဆောင်လာသူ တရားခံနှင့်အတူ မတ်လ ၂၆ ရက်၊ ညနေပိုင်းက ဖမ်းမိခဲ့ကြောင်း သိရသည်။

.

ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ကုန်းပေါ်ရွာအနီး တောတွင်း တစ်နေရာ၌ သတင်းအရ စောင့်ဆိုင်းနေစဥ် လမ်း‌လျှောက်လာသူ သာစည်မြို့နယ်၊ ဆင်တောင်ကျေးရွာနေ ထွန်းဖြူ အား စစ်ဆေးရာ ငွေကျပ်သိန်း ၃၀ ခန့် တန်ဖိုးရှိ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၃၀၀၀ ကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ စိတ်ကြွ ရူးသွပ်ဆေးပြားများအား လက်ဝယ်တွေ့ရှိသူ ထွန်းဖြူ အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ကလောမြို့မရဲစခန်းတွင် မူး/စိတ်ဥပဒေပုဒ်မ-၁၉(က) ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။

.

#KBZTai #Shan #Kalaw

No comments:

Post a Comment

Pages