.
၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၊
မဲသောင်းကျေးရွာတွင် ယမန်နေ့ မတ်လ ၂၆ ရက်၊ ညနေပိုင်းက တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.နောင်လေကျေးရွာအုပ်စု၊ မဲသောင်းကျေးရွာတွင် ယမန်နေ့
ညနေ ၃ နာရီခန့်က ဝါးရုံတော၌ တောမီး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့
တောင်ကြီး ခရိုင်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊
ကျေးရွာသူ/ကျေးရွာသားများဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၅၀ ခန့်တွင်
မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
.
အဆိုပါတောမီးလောင် ကျွမ်းမှုကြောင့် သစ်ရွက်၊
သစ်ခြောက်များ၊ ပေါင်းမြက်များအား မီးလောင်ကျွမ်းခဲ့ပြီး လူနှင့် တိရစ္ဆာန်၊
အဆောက်အဦများ ထိခိုက်ဆုံးရှုံးမှုမ ရှိကြောင်း နှင့် မြက်ခြောက် ဧရိယာ ၂ ဧကခန့်
မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
.
အလားတူ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ
(၂) တွင်လည်း ယမန်နေ့ ညပိုင်းက တောမီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။
.



No comments:
Post a Comment