၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်
တောင်ကြီးမြို့၊
ကံသာရပ်ကွက်၊ နယ်မြေ (၂) နေ စိတ်ကျန်းမာရေး မကောင်းသူ အမျိုးသား တစ်ဦး
နေအိမ်မှ ၃ လ ကျော်ကြာ ပျောက်ဆုံး နေလျက်
ရှိရာ
ယနေ့ အချိန်အထိ ပြန်လည်တွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။
.
“ သူက အပြင်သွားရင်လည်း ပြောပြီးထွက်လေ့ မရှိဘူး။
ကျွန်မတို့က ဈေးဆိုင်လေး ဖွင့်ထားတော့ သူက အိမ်နဲ့ ဈေးဆိုင်ပဲ သွားတတ်တယ်။ တခြား
ဘယ်မှ မသွားတတ်ဘူး။ ရဲစခန်းမှာ အမှု ဖွင့်ထားပါတယ်။ လူပျောက်
ကြော်ငြာတွေလည်း
လိုက်ကပ်ထားတာ ရှိပါတယ်။ ဆက်သွယ်လာတာ ရှိပေမဲ့ လူလိမ်တွေနဲ့ပဲ တွေ့နေရတယ်။” ဟု နီးစပ်သူတစ်ဦးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အဆိုပါ
ပျောက်ဆုံးနေသူ အမျိုးသားသည် အသက် ၄၁ နှစ်အရွယ်ခန့်ရှိ ကိုစစ်နိုင်ထွန်း ဆိုသူ
ဖြစ်ပြီး ၎င်းအား တွေ့ရှိပါက ဖုန်းနံပါတ် ၀၉ ၄၄၆ ၃၃၀ ၇၇၉ သို့ ဆက်သွယ်
အကြောင်းကြားပေးရန် မိသားစုက မေတ္တာရပ်ခံ ထားသည်။
.
#KBZTai #Shan #Taunggyi #လူပျောက်
.



No comments:
Post a Comment