တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်တွင် ကိုင်းတောမီးလောင် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, April 1, 2026

တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်တွင် ကိုင်းတောမီးလောင်

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်၊ ဓာတုဝိနယရာဇာမုနိစေတီတော်အနီးတွင် ယမန်နေ့ မတ်လ ၃၁ ရက်၊ ညနေ ၄ နာရီခွဲခန့်က ကိုင်းတော မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

မီးလောင်မှု ဖြစ်ပွားရာသို့ တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီခွဲခန့်တွင် မီးငြိမ်းသွား ခဲ့ကြောင်း သိရသည်။

.

“ခုရက်ပိုင်း ရာသီဉတုကလည်း ပူလာတယ်၊ လေကလည်း ပြင်းနေတယ်ဆိုတော့ မီးဘေးအန္တရာယ်ကို ပြည်သူတွေအနေနဲ့ ဂရုစိုက်ကြဖို့ လိုပါတယ်။ ပြီးတော့ စက်သုံးဆီ အခက်အခဲကြောင့် စက်သုံးဆီတွေကို ဝယ်ပြီး အိမ်မှာ စုထားတာက အန္တရာယ်များတဲ့ အလုပ် ဖြစ်တာကိုလည်း သတိပြုဖို့ လိုပါတယ်” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

.

မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ၊ အခြားရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များ ကြုံတွေ့ ပါက မီးသတ်ဦးစီးဌာန၏ အရေးပေါ်ဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပေးပို့ အကူအညီတောင်းခံနိုင် ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages