ရှမ်းလွှတ်တော်တွင် အမျိုးသမီးများ၏ အသံကို ပိုမိုဖော်ထုတ်ခွင့်ရမည် ဟုဆို - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, April 1, 2026

ရှမ်းလွှတ်တော်တွင် အမျိုးသမီးများ၏ အသံကို ပိုမိုဖော်ထုတ်ခွင့်ရမည် ဟုဆို

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်

.

လက်ရှိ တတိယအကြိမ် ရှမ်းးပြည်နယ်လွှတ်တော်တွင် အမျိုးသမီးဦးရေ ပါဝင်မှု ပိုမိုများပြားလာသည့် အတွက် အမျိုးသမီးများ၏ အသံကို လွှတ်တော်တွင် ပိုမိုဖော်ထုတ်ခွင့်ရမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်လွှတ်တော် ဗမာတိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ် ဒေါ်ခင်ထွေးအောင်က ပြောဆိုခဲ့သည်။

.

.

“၂၀၁၀၊ ၂၀၁၅ သက်တမ်းတွေကို ဖြတ်ကျော်ခဲ့ပြီ။ အရင်က အမျိုးသမီးရာခိုင်နှုန်း အင်မတန်နည်းပါတယ်။ အခုလက်ရှိ လွှတ်တော်မှာ အမျိုးသမီးဦးရေ တော်တော်များများ ပါလာတယ်။ အဲဒါကြောင့် အမျိုးသမီးတွေ ရဲ့ အရေးကို လွှတ်တော်ထဲမှာ ပိုပြီး ဖော်ပြခွင့်၊ လုပ်ဆောင်ခွင့် ရမှာဖြစ်တဲ့အတွက် အမျိုးသမီးထုကိုယ်စား ဝမ်းမြောက်ဝမ်းသာပါတယ်” ဟု ဒေါ်ခင်ထွေးအောင်က ပြောဆိုခဲ့သည်။

.

ရှမ်းပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၉၉ ဦး၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၃၃ ဦး ပါဝင်သည့်အနက် ရွေးကောက်ခံကိုယ်စားလှယ်များတွင် အမျိုးသမီး ၁၈ ဦးအထိ ပါဝင် ကြောင်း သိရသည်။

.

“ရှမ်းလွှတ်တော်ကတော့ တိုင်းရင်းသားပါတီလည်း အစုံပါတယ်။ အမျိုးသမီးတွေလည်း ပါဝင်ခွင့်ရတယ်။ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နေတဲ့အတွက် တကယ့်ကို ပြည်သူလူထုအရေး၊ တိုင်းရင်းသားအရေး၊ အားလုံး တက်ညီလက်ညီနဲ့ ပါတီမခွဲဘဲ ဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆို ခဲ့သည်။

.

ဒေါ်ခင်ထွေးအောင်သည် ရှမ်းပြည်နယ်လွှတ်တော် ဗမာတိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့သစ် ဖွဲ့စည်းချိန်တွင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရမည့်သူ ဖြစ်သည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages