.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ပန်ကူကျေးရွာအနီးတွင်
ယမန်နေ့ ဧပြီလ ၈ ရက်၊ နံနက်ပိုင်းက အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း လုပ်ကိုသ်ည့်
တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသား ၅၇ ဦး အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
တာချီလိတ်မြို့နယ်အတွင်း ရှာဖွေမှုများ လုပ်ဆောင်ခဲ့ရာ ပန်ကူကျေးရွာ၏
အရှေ့တောင်ဘက် မီတာ ၅၂၀၀ ခန့်အကွာသို့အရောက်၌ အွန်လိုင်း လိမ်လည်လောင်းကစားမှုလုပ်ငန်းများ
ကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၂ ဦးနှင့်
လာအိုနိုင်ငံသူ အမျိုးသမီး ၁ ဦး စုစုပေါင်း ၂၀ တို့ကိုလည်းကောင်း၊ ပန်ကူကျေးရွာ၏
အနောက်တောင်ဘက် မီတာ ၂၇၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းများ
ကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား အမျိုးသား ၇ ဦးအားလည်းကောင်း၊
ပန်ကူကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၅၀၀ ခန့်၌
အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ ကျူးလွန်ရာတွင် ပါဝင်ခဲ့သည့်
တရုတ်နိုင်ငံသားအမျိုးသား ၉ ဦးအားလည်းကောင်း၊ ပန်ကူကျေးရွာ၏ အနောက်တောင်ဘက် မီတာ
၄၅၀၀ ခန့်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ ကျူးလွန်ရာတွင်
ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား အမျိုးသား ၁၂ ဦးအားလည်းကောင်း၊ ပန်ကူကျေးရွာ၏
အရှေ့တောင်ဘက် မီတာ ၃၈၀၀ ခန့်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ
ကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား အမျိုးသား ၉ ဦးအားလည်းကောင်း
စုစုပေါင်း တရားမဝင်ပြည်ပနိုင်ငံသား အမျိုးသား ၅၄ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကို
ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အလားတူ ဧပြီလ ၇ ရက်၊ နေ့လယ်ပိုင်းကလည်း အဆိုပါ
ပန်ကူကျေးရွာအနီးတွင် အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ
လုပ်ကိုင်နေသည့် တရားမဝင်ပြည်ပ နိုင်ငံသား ၁၂၆ ဦးတို့ကို အွန်လိုင်း လိမ်လည်လောင်းကစားမှုလုပ်ငန်းများ
လုပ်ကိုင်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
အဆိုပါဖမ်းဆီးရမိသူများကို ဥပဒေနှင့်အညီ
ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ကွယ်မှ
ပါဝင်ပတ်သက်သူများကိုလည်း စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

%20%E1%80%90%E1%80%AC%E1%80%81%E1%80%BB%E1%80%AE%E1%80%9C%E1%80%AD%E1%80%90%E1%80%BA%20%E1%80%A1%E1%80%BD%E1%80%94%E1%80%BA%E1%80%9C%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%AD%E1%80%99%E1%80%BA%E1%80%9C%E1%80%8A%E1%80%BA%E1%80%91%E1%80%95%E1%80%BA%E1%80%99%E1%80%B6%E1%80%96%E1%80%99%E1%80%BA%E1%80%B8%E1%80%99%E1%80%AD_%E1%80%99%E1%80%BC%E1%80%B1%E1%80%95%E1%80%AF%E1%80%B6(%E1%81%88.%E1%81%84.%E1%81%82%E1%81%80%E1%81%82%E1%81%86)1.jpg)
No comments:
Post a Comment