သေဒဏ် ကျခံနေရသူများကို ထောင်ဒဏ်တစ်သက်သို့ လျှော့ပေါ့ သက်သာခွင့် ပေး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, April 17, 2026

သေဒဏ် ကျခံနေရသူများကို ထောင်ဒဏ်တစ်သက်သို့ လျှော့ပေါ့ သက်သာခွင့် ပေး


အကျဥ်းထောင်၊ အချုပ်ထောင်၊ အကျဥ်းစခန်း အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသူများ အနက် သေဒဏ် ပြစ်ဒဏ်ကျခံနေရသူများ ကို ထောင်ဒဏ် တစ်သက်၊ ထောင်ဒဏ် တစ်သက်ကျခံနေရသူများကို ထောင်ဒဏ် နှစ် ၄၀ သို့ လျှော့ပေါ့ ကျခံစေရန် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေး လိုက်ကြောင်း ယနေ့ ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)တွင် သမ္မတရုံး ထုတ်ပြန်ချက်အရ သိရသည်။

.

ထို့အပြင် ထောင်ဒဏ် နှစ် ၄၀ အထက် ကျခံနေရသူများကို ထောင်ဒဏ် နှစ် ၄၀ သို့ လည်း‌ကောင်း၊ ထောင်ဒဏ် နှစ် ၄၀ နှင့်အောက် ကျခံနေရသူများကို ကျခံရန် ကျန်ရှိနေသည့် ပြစ်ဒဏ် ၏ ခြောက်ပုံ တစ်ပုံအား လျှောပေါ့ ကျခံစေရန် လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ကြောင်းလည်း သိရသည်။


ထို့အတူ နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခု ကျခံရန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော သတ်မှတ်ချက်ဖြင့် အကျဥ်းသား/သူ ၄၃၃၅ ဦးကို လည်းကောင်း၊ နိုင်ငံခြားသား အကျဥ်းသား/သူ ၁၇၉ ဦးကို လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့သည်။


မြန်မာနှစ်သစ်မင်္ဂလာအခါ သမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရန်နှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း လွတ်ငြိမ်းသက်သာခွင့် ပြုခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

.

#KBZTai #Shan #News

No comments:

Post a Comment

Pages