အောင်မြေသစ်ကိုယ်ပိုင်ကျောင်း၌ ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်မှု ကျူးလွန်သူကို ထိရောက်သည့် ပြစ်ဒဏ် ရရှိရေး ဆောင်ရွက်နေဟု ဆို - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, April 8, 2026

အောင်မြေသစ်ကိုယ်ပိုင်ကျောင်း၌ ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်မှု ကျူးလွန်သူကို ထိရောက်သည့် ပြစ်ဒဏ် ရရှိရေး ဆောင်ရွက်နေဟု ဆို

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်

.

တောင်ကြီးမြို့၊ အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းတွင်ဖြစ်ပွားခဲ့သည့် အရွယ်မရောက်သေးသော ကျောင်းသူအား အဓမ္မပြုကျင့်မှုနှင့် ပတ်သက်၍ တောင်ကြီးခရိုင်တရားရုံးတွင် စစ်ဆေးနေဆဲဖြစ်ပြီး ကျူးလွန်သူကို ထိရောက်သည့်ပြစ်ဒဏ် ရရှိစေရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

.

.

“တရားရုံး စစ်ဆေးဆဲပါ။ ထိရောက်တဲ့ပြစ်ဒဏ် ရဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ပုဒ်မ ၃၇၆၊ ၃၆၃ နဲ့ ပုဒ်မ ၃၅၄ ကာယိန္ဒြေပျက်စီးစေမှုတွေနဲ့ စွဲထားပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး အများပြည်သူ အထိတ်တလန့် ဖြစ်စေတဲ့အတွက် ၅၀၅ နဲ့ ထပ်စွဲပါတယ်။ ဒါကတော့ နောက်နောင် အလားတူပြစ်မှု မဖြစ်ပွားစေရေးအတွက် ဖြစ်ပါတယ်။ ပြစ်ဒဏ်တော့ မချသေးပါဘူး” ဟု တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ယာယီရဲမှူး နေဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ ကျောင်း၏ ပညာသင်ကြားခွင့်လိုင်စင် ပိတ်သိမ်းမှု ရှိ/မရှိကိုမူ ပညာရေးဌာနက ဆက်လက် စီမံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းထံက သိရသည်။

.

တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်က ကျောင်းတက်နေသည့် Grade 12 ကျောင်းသူတစ်ဦးကို ကျောင်းအုပ်၏ သားဖြစ်သူ ဇာနည်သွေးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ အမှုမှ ပြစ်မှုကျူးလွန်သူ ဇာနည်သွေးကို တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အရှေ့မြို့ပတ်လမ်း ပေါ်ရှိ တောင်ကြီးဟိုတယ် အနီးတွင် ဇန်နဝါရီလ ၁၈ ရက်၊ နေ့လယ်ပိုင်းကဖမ်းဆီးရမိခဲ့ပြီး တောင်ကြီးခရိုင် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages