တာချီလိတ်တွင် အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်သူ နိုင်ငံခြားသား ၁၀၀ ဦးကျော် ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Wednesday, April 8, 2026

တာချီလိတ်တွင် အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်သူ နိုင်ငံခြားသား ၁၀၀ ဦးကျော် ဖမ်းမိ



ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့နယ်၊ ပန်ဂူကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာနေရာတွင် အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ လုပ်ဆောင်နေသည့် နိုင်ငံခြားသား ၁၀၀ ဦးကျော်ကို ယမန်နေ့ ဧပြီလ ၇ ရက်၊ နေ့လယ်ပိုင်းက ဖမ်းမိခဲ့ကြောင်း သိရသည်။

.

နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်အွန်လိုင်းလိမ်လည် လောင်းကစား ပြုလုပ်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၁၂၂ ဦးအမျိုးသမီး ၃ ဦး၊ လာအိုနိုင်ငံသူ ၁ ဦး စုစုပေါင်း ၁၂၆ ဦးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။




အဆိုပါ ဖမ်းဆီးရမိသူများနှင့်အတူ အွန်လိုင်း လိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြစ်သော မော်နီတာ ၁၂၀ လုံး၊ System ပုံး ၉၇ လုံး၊ All in One Computer ၄၆ လုံး၊ Star Link ၁၂ လုံး၊ ဝိုင်ဖိုင်စက် ၁၂ လုံး၊ ဖုန်းမျိုးစုံ ၁၀၅ လုံးနှင့် မီးစက်ကြီး ၁ လုံး တို့ ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ သိမ်းဆည်းရမိ လောင်းကစားမှုများ ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသူများကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် နောက်ကွယ်မှ ပါဝင် ပတ်သက်သူများကိုလည်း စိစစ်ဖော်ထုတ်ကာ တရားပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.



No comments:

Post a Comment

Pages