တန့်ယန်း၌ ဖုန်း လုပြေးသူ ၂ ဦးကို ပြည်သူများ ဝိုင်းဖမ်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Wednesday, April 8, 2026

တန့်ယန်း၌ ဖုန်း လုပြေးသူ ၂ ဦးကို ပြည်သူများ ဝိုင်းဖမ်း

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်

.

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တန့်ယန်းမြို့၊ အောင်မေတ္တာ ဖုန်းဆိုင်၌ ယမန်နေ့ ဧပြီလ ၇ ရက်၊ ၁၁ နာရီခန့်တွင် ဝယ်သူ အယောင်ဆောင်ကာ ဖုန်း လုပြေးသူ ၂ ဦးကို ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

.

.

“လုပြေးသွားတာနဲ့ ဆိုင်ရှင် အမျိုးသမီးက နောက်ကလိုက်ပြီး သူတို့ဆိုင်ကယ်ကို တွန်းလှဲလို့ လဲကျတာမှာ အများက ဝိုင်းဖမ်းကြတာ။” ဟု တန့်ယန်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

.

အဆိုပါ ဖုန်း လုယူပြေးသူ ၂ ဦးကို တန့်ယန်းရဲစခန်းတွင် ဖမ်းဆီးကာ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages