.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင်
QR Code စနစ်ဖြင့် တစ်ပတ် ၂ ကြိမ် စက်သုံးဆီရောင်းချပေးရာတွင်
ဆီလုံလောက်မှုမရှိဘဲ အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
.ယင်းကဲ့သို့ QR စနစ်ဖြင့် တစ်ပတ်
၂ ကြိမ်သာ စက်သုံးဆီ ရောင်းချပေးမှုကြောင့် တန်းစီစောင့်ဆိုင်းရချိန် လျော့နည်းသွားသော်လည်း
ကား/ဆိုင်ကယ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်ရသည့် လုပ်ငန်းများ အတွက် ဓါတ်ဆီလုံလောက်မှုမရှိဘဲ
ပြင်ပမှ ဈေးကြီးပေး ဝယ်ယူသုံးစွဲနေရကြောင်း သိရသည်။
.
“တန်းစီပြီး နေ့တိုင်းရရင်တောင် အဆင်ပြေသေးတယ်။
ကျွန်တော်တို့က Deli ပို့ရတာဆိုတော့ ဆီက နေ့တိုင်းလိုအပ်နေတာပါ။
နေ့တိုင်းအပြည့်ဖြည့်ပြီးမှ ပို့စရာရှိတာ စိတ်မပူဘဲ ပို့လို့ရတာ” ဟု တောင်ကြီး မြို့ပေါ်တွင်
အစားအသောက် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနေသည့် Delivery သမားတစ်ဦးက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ စက်သုံးဆီ မလုံလောက်သည့်အတွက် ပြင်ပမှ
စက်သုံးဆီ ဝယ်ယူအသုံးပြုရာတွင် ဈေးကြီးပေး ဝယ်ရသည့်အပြင် ဆီအရည်အသွေး မပြည့်မီသည့်အတွက်
ဆိုင်ကယ်အင်ဂျင် ပျက်စီးမှုများလည်း ရှိကြောင်း သိရသည်။
.
ထို့အပြင် ဆိုင်ကယ်တစ်စီးလျှင် တစ်ပတ် ၈ လီတာကို
၂ ကြိမ်ခွဲပေးသည် ဆိုသော်လည်း မော်တော် ဆိုင်ကယ် ဆီတိုင်ကီများမှာ ၄ ဂါလံ မဆံ့သည့်အပြင်
ဆီကျန်ရှိပါက ရရှိသင့်သည့် ဆီပမာဏ မရရှိဘဲ အခွင့်အရေး ဆုံးရှုံးနေရကြောင်း ဒေသခံများက
ပြောဆိုကြသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်နှင့် ကလောခရိုင်အတွင်းရှိ
စက်သုံးဆီဆိုင်များတွင် QR ဖတ်ရှု၍ စုံ/မ စနစ်အတိုင်း
ရောင်းချပေးခဲ့ရာ မတ်လ ၂၃ ရက်တွင် QR စနစ်ပုံစံ အသစ်ဖြင့်
တစ်ပတ်တွင် ၂ ကြိမ် အင်ဂျင်ပါဝါအလိုက် ရောင်းချသည့်စနစ်ဖြင့် ပြောင်းလဲကျင့်သုံးခဲ့ပြီး
ဧပြီလ ၃ ရက်တွင် Light Truck ယာဉ်များအား ကီလိုမီတာဖြင့် သတ်မှတ်၍
ပြောင်းလဲရောင်းချပေးလျက်ရှိကြောင်း ရှမ်းပြည်နယ် ရေနံထွက်ပစ္စည်း
ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ထံက သိရသည်။
.


No comments:
Post a Comment