.
၂၀၂၆
ခုနှစ်၊ ဧပြီလ ၆ ရက်
.
ရှမ်းပြည်နယ်မြို့တော်၊
တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအနီးတွင် ယနေ့ ဧပြီလ ၆ ရက်၊ နံနက် ၉ နာရီခွဲခန့်က
အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.တောင်ကြီးမြို့၊
ကျောင်းကြီးစုရပ်ကွက်၊ တောင်ကြီး - ကျောက်တစ်လုံးလမ်းနှင့် အဝေရာ မီးပုံးပျံကွင်း ကြားရှိ
ရေဆိုးမြောင်း ဘေးတွင် အမျိုးသားတစ်ဦး ပြင်ပဒဏ်ရာ မရှိဘဲ ပက်လက် အနေအထားဖြင့် သေဆုံးနေသည်ကို
တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
ဆက်လက်ပြီး
ပတ်ဝန်းကျင်အား စုံစမ်းရာ သေဆုံးသူမှာ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ရွှေမောင်းတောင်လမ်းနေ
လေလွင့် တောင်းရမ်းစားသောက်သူ အသက် ၄၂ နှစ်အရွယ် ကိုသန်းထိုက် ဆိုသူဖြစ်ပြီး ၎င်းသည်
အရက်အလွန်အကျွံသောက်သုံးတတ်သူဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍
သေဆုံးသူ၏ ရုပ်အလောင်းအား မှုခင်းဆေးစာဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့
ပို့ဆောင်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေး
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.


No comments:
Post a Comment