ကျိုင်းတုံမြို့လယ်တွင် ဆိုင်ကယ်လုယက်မှုဖြစ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Monday, April 6, 2026

ကျိုင်းတုံမြို့လယ်တွင် ဆိုင်ကယ်လုယက်မှုဖြစ်

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ယမန်နေ့ ဧပြီလ ၅ ရက်၊ နေ့လယ်ပိုင်းက ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ကျိုင်းတုံမြို့၊ ကျောက်တိုင်ကွေ့၊ ရပ်တော်မူကုန်းတက်၊ ဧဒင်အလှပြင်ဆိုင်အနီးတွင် ယမန်နေ့ ဧပြီလ ၅ ရက်၊ နေ့လယ် ၂ နာရီခွဲခန့်က ဆိုင်ကယ်စီးလာသူ အမျိုးသမီးတစ်ဦးကို အမျိုးသား ၂ ဦးက ဆိုင်ကယ်လဲကျ ထိခိုက် ဒဏ်ရာရသည်အထိ အကြမ်းဖက် လုယက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“ဖုန်းလည်း လွင့်ကျ၊ လူလည်း ဒရွတ်တိုက်ပါသွားတယ်။ ဆိုင်ကယ်နဲ့ အနောက်ကကားတွေ ရောက်လာတော့ အဲဒီကောင်တွေက ပြေးပြီ။ လူလည်း မထနိုင်၊ ဘေးကလူတွေ ဝိုင်းထူမှ ထနိုင်တာမို့ ရုပ်တွေကိုမှတ်မိတယ်” ဟု လုယက်ခံရသူ အမျိုးသမီးက ပြောသည်။

.

အဆိုပါ လုယက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီးတွင် ဝဲဘက်ခြေဖမိုး ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages