.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ပေါ်ရှိ လျှပ်စစ်ထရန်စဖော်မာအချို့တွင်
ခြုံနွယ်ပိတ်ပေါင်းများဖြင့် ပြည့်နှက်နေသည့်အတွက် လျှပ်စစ်ရှော့ခ်ဖြစ်ပြီး မီးလောင်မှု
အန္တရာယ်ကို စိုးရိမ်နေရကြောင်း သိရသည်။
.
.“တချို့နေရာက ထရန်စဖော်မာတွေ ဆိုရင် ခြုံတွေနဲ့ ပိတ်နေတာ။
တစ်ခုခု ရှော့ခ်ဖြစ်ပြီး မီးလောင်ရင် မလွယ်ပါဘူး။ သက်ဆိုင်တဲ့ လျှပ်စစ်ဌာနအနေနဲ့ ဒါကို
ရှင်းလင်းသင့်ပါတယ်” ဟု တောင်ကြီးမြို့ပေါ်နေ ပြည်သူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လျှပ်စစ်ထရန်စဖော်မာများကို သက်ဆိုင်ရာ ဌာနက တာဝန်ယူ
ထိန်းသိမ်းကြီးကြပ်မှု အားနည်းခြင်းကြောင့် ယင်းကဲ့သို့ ခြုံနွယ်ပိန်ပေါင်းများ ထူထပ်နေခြင်းဖြစ်ကြောင်း
ဒေသခံများက ပြောဆိုကြသည်။
.
“ရပ်ကွက်တိုင်းမှာ ထရန်စဖော်မာတွေ ရှိပါတယ်။ ခြုံနွယ်တွေကို
မရှင်းပါဘူး။ အခန့်မသင့်ရင် ဘယ်နေ့ မီးထလောင်မလဲမသိဘူး” ဟု ဒေသခံတစ်ဦးကလည်း ပြောဆိုခဲ့သသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့ရှိ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းရုံးသို့
ကမ္ဘောဇတိုင်းမှ သွားရောက်တွေ့ဆုံမေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ရုံးဝန်ထမ်းများက
လူကြီးနှင့် ကြိုတင်ဖုန်းဆက် ချိန်းဆိုထားခြင်းမရှိဘဲ အတွေ့မခံနိုင်ကြောင်းနှင့် ဖြေကြားနိုင်ခြင်း
မရှိကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
.
ပြီးခဲ့သည့် ဧပြီလ ၃ ရက်ကလည်း တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊
နယ်မြေ (၁)၊ အောင်သပြေလမ်း၊ အမှတ် (၃) ဓါတ်အားခွဲရုံအနီးရှိ လျှပ်စစ်ထရန်စဖော်မာတွင်
ကေဘယ်လ်ကြိုး ရှော့ခ်ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့သေးသည်။
.


No comments:
Post a Comment