.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့ကို
ဆက်သွယ်ထားသည့် မိုင်းပန်-မိုင်းဆတ်ကားလမ်းတွင် ယမန်နေ့ ဧပြီလ ၄ ရက်၊ နေ့လယ်ပိုင်းက
ယာဉ်တိမ်းမှောက်မှုတစ်ခု ဖြစ်ပွားပြီး ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့ကြောင်း သိရသည်။
.
.မိုင်းပန်-မိုင်းဆတ် ကားလမ်း၊ ရွာသာယာကျေးရွာ၊
မိုင်တိုင်အမှတ် (၁၀၃/၄) နှင့် (၁၀၃/၅) ကြားတွင် ယမန်နေ့ ဧပြီလ ၄ ရက်၊ မွန်းလွဲ ၂ နာရီခွဲ
ခန့်က ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ ၃ ဦး အနက် ယာဉ်မောင်းအမျိုးသားတစ်ဦး
သေဆုံးကာ ယာဉ်ပေါ်တွင် လိုက်ပါလာသူ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာများ
ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိမ်းမှောက်မှုမှ သေဆုံး၊ ဒဏ်ရာရရှိသူများအား
မီးသတ်တပ်ဖွဲ့က ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ပုဂ္ဂလိကပိုင် ယာဉ်တစ်စီးဖြင့်
မိုင်းပန် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.

.jpg)
No comments:
Post a Comment