.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက်
.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် ယနေ့
ဧပြီလ ၄ ရက်၊ နံနက်ပိုင်းက အိမ်ဆောက်ပစ္စည်းများ တင်ဆောင်ကာ ရပ်နားထားသည့် ကုန်တင်တွဲယာဉ်တစ်စီး
ဘရိတ်ပြုတ်ကာ စားသောက်ဆိုင်တစ်ဆိုင်ကို ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၁၃)
မြို့ရှောင်လမ်းဘက်တွင် ယနေ့ ဧပြီလ ၄ ရက်၊ နံနက် ၉ နာရီခွဲခန့်က ယာဉ်မောင်း
ဦးကျော်စွာသောင်း မောင်းနှင်သည့် ကုန်တင်တွဲကားသည် ရပ်နားထားစဉ် ဘရိတ်ပြုတ်ပြီး
လိမ့်ဆင်းသွားရာမှ ပန်းချယ်ရီအကြော်စုံနှင့် ကဖေးဆိုင်ကို ဝင်တိုက်မိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
“ကျောင်းကြီးစု၊ နယ်မြေ (၁၃) မြို့ရှောင်လမ်းဘက်၊
ဒိုင်းမွန်းဆီပန့် အပေါ်ဘက်နားပေါ့။ အုတ်ကြွပ်ပြား တင်ထားတဲ့ကားက ရပ်ထားတာ
ဘရိတ်ပေါက်ပြီး ပန်းချယ်ရီစားသောက်ဆိုင်ကို ဝင်တိုက်တာပါ”ဟု ဖြစ်စဉ်အား တွေ့ရှိသူတစ်ဦးက
ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် လက်ဖက်ရည်ဆိုင် ဆိုင်ခန်း
ပျက်စီးခဲ့ပြီး ဆိုင်ရှင်အမျိုးသမီးတွင် ဦးခေါင်းနှင့် ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာ ရရှိကာ
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.


No comments:
Post a Comment