ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရပ်စောက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထိန်စိုးကို ခန့်အပ်ရန် ပြည်နယ်လွှတ်တော် အတည်ပြု - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Monday, April 6, 2026

ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရပ်စောက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထိန်စိုးကို ခန့်အပ်ရန် ပြည်နယ်လွှတ်တော် အတည်ပြု

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်

.

ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရှမ်းပြည်နယ်လွှတ်တော်၊ ရပ်စောက်မြို့နယ် ကိုယ်စားလှယ် အမှတ် (၂) စိုင်းထိန်စိုးကို ခန့်အပ် တာဝန်ပေးအပ်ရန် ရှမ်းပြည်နယ်လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

.

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့ကို ယနေ့ ဧပြီလ ၆ ရက်၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းအစည်းအဝေးတွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသူက ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် အဆိုပြုထားသူ၏ အမည်စာရင်းကို ပြည်နယ် လွှတ်တော်တွင် ဆွေးနွေးပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

.

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဌာန အရေအတွက်နှင့် ပြည်နယ်ဝန်ကြီးဦးရေ အတည်ပြုခန့်အပ် ရေးနှင့် ပတ်သက်၍ ရပ်စောက်မြို့နယ် ကိုယ်စားလှယ် အမှတ် (၁) ဦးအောင်ကျော်ညွန့်နှင့် သီပေါမြို့နယ် ကိုယ်စားလှယ် အမှတ် (၂) ဦးသီဟလှိုင် တို့က ဝန်ကြီးဌာန ၁၀ ခု ထားရှိရန် ပြည်နယ်လွှတ်တော်သို့ တင်ပြ ခဲ့ပြီး ယင်းကိစ္စကို လွှတ်တော်အစည်းအဝေး ပဉ္စမနေ့တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

ဆက်လက်ပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီး ၄ ဦး ခန့်အပ်ရန် ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးပြီး အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဧပြီလ ၇ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

.

 

No comments:

Post a Comment

Pages