ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် အဆိုပြုထားသူကို ရှမ်းပြည်နယ်လွှတ်တော်တွင် အဆုံးအဖြတ် ရယူမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, April 5, 2026

ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် အဆိုပြုထားသူကို ရှမ်းပြည်နယ်လွှတ်တော်တွင် အဆုံးအဖြတ် ရယူမည်

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက်

.

ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသူက အဆိုပြုပေးပိုထားသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၏ အမည်စာရင်းကို ရှမ်းပြည်နယ်လွှတ်တော်တွင် ကြေညာပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူသွားရန် ရှိနေကြောင်း သိရသည်။

.

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့ကို ဧပြီလ ၆ ရက်၊ နံနက်ပိုင်း တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ပြုလုပ်သွားမည်ဖြစ်ပြီး ယင်း အစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်နိုင်ရေးအတွက် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် ယင်းအစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဌာနအရေအတွက်၊ ပြည်နယ်ဝန်ကြီးဦးရေ သတ်မှတ်နိုင်ရေးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးဦးရေ သတ်မှတ်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသူ၏ အဆိုပြုချက်နှင့် စပ်လျဉ်း၍ ဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသွားမည် ဖြစ်ကြောင်း သိရသည်။

.

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၂၆၁ (ခ) တွင် နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲက သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ရမည်ဖြစ်ပြီး ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်၏ အမည် စာရင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ပေးပို့၍ သဘောတူညီချက် ရယူရမည်ဟု ပြဌာန်းဖော်ပြထားသည်။

.


No comments:

Post a Comment

Pages