.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်
.
နိုင်ငံတော်သမ္မတ အဖြစ်
ရွေးကောက်တင်မြှောက်ခြင်း ခံရသူက ရှမ်းပြည်နယ်လွှတ်တော်၊ ရပ်စောက်မြို့နယ် ကိုယ်စားလှယ်
အမှတ် (၂) စိုင်းထိန်စိုးကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးအပ်ရန်
အဆိုပြုထားသည်ဟု သိရသည်။
.
.တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊
ပထမပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့ကို ယနေ့ ဧပြီလ ၆ ရက်၊ နံနက်ပိုင်းတွင်
ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိပြီး ယင်းအစည်းအဝေး တွင်
နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသူက ပြည်နယ်ဝန်ကြီးချုပ် အဖြစ်
ခန့်အပ်တာဝန်ပေးအပ်ရန် အဆိုပြုထားသော အမည်စာရင်းကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်
လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။
.
အစည်းအဝေး ဒုတိယပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ်
ခန့်အပ်တာဝန်ပေးအပ်ရန် အဆိုပြုထားသူ ကို လွှတ်တော်က အတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် အဆိုပြုခံထားရသူ စိုင်းထိန်စိုးသည်
ရှမ်းပြည်နယ်လွှတ်တော် ရပ်စောက် မြို့နယ် အချိုးကျကိုယ်စားပြု (PR) ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်
အနိုင်ရရှိထားသူဖြစ်သည်။
.
ထို့အပြင် ယင်းအစည်းအဝေးတွင် ပြည်နယ်အစိုးရဖွဲ့ ဝန်ကြီးဌာန
၇ ခု၊ ပြည်နယ်ဝန်ကြီး ၇ ဦးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီး ၄ ဦး ခန့်အပ်ရန် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက
လွှတ်တော်သို့ တင်ပြခဲ့ကြောင်းလည်း သိရသည်။
.


No comments:
Post a Comment