ဟဲဟိုးတွင် လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Sunday, April 5, 2026

ဟဲဟိုးတွင် လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဖောင်းသင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း ယမန်နေ့ ဧပြီလ ၄ ရက်၊ ညပိုင်းက လူငယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

သေဆုံးသူ လူငယ်မှာ ကလောမြို့နေ မောင်ဇင်မင်းသန့် ဆိုသူဖြစ်ပြီး ယမန်နေ့ည ၈ နာရီခန့်က သမီးရည်းစားကိစ္စ တယ်လီဖုန်း ပြောဆိုပြီးနောက် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ အဆောက်အဦ တစ်ခုအနီးတွင် ကြိုးဆွဲချ သတ်သေခြင်းဖြစ်ကြောင်း ဖြစ်စဉ်အား သိရှိသူတစ်ဦးက ပြောသည်။

.

အဆိုပါ သေဆုံးသူ မောင်ဇင်မင်းသန့်၏ ရုပ်အလောင်းအား သက်ဆိုင်ရာက စစ်ဆေးပြီးနောက် ဟဲဟိုးဆေးရုံမှ တစ်ဆင့် ကလောမြို့ရှိ နေအိမ်သို့ အောင်ပန်းနာရေးကူညီမှုအသင်းယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages