.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်နှင့်
မူဆယ်မြို့နယ်များတွင် ယမန်နေ့ ဧပြီလ ၄ ရက်က အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ကိုင်နေသည့်
တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော
ပူးပေါင်းအဖွဲ့ဝင်များသည် ယမန်နေ့ ဧပြီ ၄ ရက်နံနက်ပိုင်းက တန့်ယန်း မြို့နယ်၊
ကောင်းဆန်ကျေးရွာအနီးရှိ အဆောက်အအုံ ၁၅ လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစား မှုများ
လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၀၁ ဦး၊ မြန်မာနိုင်ငံသား ၂၀ ဦးတို့အား All
in One ကွန်ပျူတာ ၂ လုံး၊ Desktop ကွန်ပျူတာ ၁
စုံ၊ Laptop ၂၁ လုံး၊ ဖုန်းမျိုးစုံ ၁၁၈ လုံး၊ Starlink
၁၆ ခု၊ Wireless Router ၁၃ လုံး၊ မီးစက် ၂ လုံးတို့နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
အလားတူ ယင်းနေ့ ညနေပိုင်းတွင် မူဆယ်မြို့၊
စွမ်စော်ရပ်ကွက်၊ မန်ဝိန်းနယ်မြေအတွင်းမှ အွန်လိုင်း လိမ်လည် လောင်းကစားလုပ်ကိုင်သူ
တရုတ်နိုင်ငံသား ၇ ဦးအား ဖုန်းမျိုးစုံ ၃၆ လုံး၊ ကွန်ပျူတာ ၂၃ လုံး တို့နှင့်အတူ
ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ပြီး
တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကာ
သိမ်းဆည်းရမိခဲ့သည့် ဆက်စပ်ပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.


No comments:
Post a Comment