တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Wednesday, April 8, 2026

တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်

.

​တောင်ကြီးမြို၊ ​ရွှေ​တောင်ရပ်ကွက်၊ ကုန်သည်လမ်းရှိ ​နေအိမ်တစ်လုံးတွင် ယ​နေ့ ​ဧပြီလ ၈ ရက်၊ ည ၉ နာရီခွဲခန့်က နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

မီးလောင်မှုဖြစ်ပွားသည့် နေအိမ်မှာ My Dream မိုဘိုင်းလ်ဖုန်းအရောင်းဆိုင် ဖွင့်လှစ်ထားသည့် နေအိမ် ဖြစ်ပြီး မီးလောင်မှု စတင်ဖြစ်ပွားရသည့် အကြောင်းအရင်းကို မသိရှိရသေးချေ။

.

မီး​လောင်မှုဖြစ်ပွားရာသို့ မီးသတ်ယာဉ်များ၊ ပုဂ္ဂလိက ရေကားများဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီခန့်တွင် မီးငြိမ်းသွား ခဲ့ကြောင်း သိရသည်။

.

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃၁ ရက်၊ ညပိုင်းကလည်း အဆိုပါ နေရာတွင်ပင် မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့သေးသည်။

.

 

No comments:

Post a Comment

Pages