ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ အမည်စာရင်းကို လွှတ်တော်တွင် တင်ပြ၍ အတည်ပြုချက် ရယူမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Wednesday, April 8, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ အမည်စာရင်းကို လွှတ်တော်တွင် တင်ပြ၍ အတည်ပြုချက် ရယူမည်

 


ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များ၏ အလုပ်အမှုဆောင်ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ အမည်စာရင်းကို ရှမ်းပြည်နယ်လွှတ်တော်တွင် တင်ပြ၍ အတည်ပြုချက် ရယူမည် ဖြစ်ကြောင်း သိရသည်။

.

မနက်ဖြန် ဧပြီလ ၉ ရက်၌ ပြုလုပ်မည့် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး၊ ဆဌမနေ့တွင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံထားရသူက ပြည်နယ်လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက် ရယူမည် ဖြစ်သည်။

.

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်အတွင်း၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တို့ ပါဝင်သည်။

.

ထို့အပြင် တိုင်းရင်းသားလူမျိုးရေးရာ ဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကိုလည်း ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံထားရသူက လွှတ်တော်သို့ တင်ပြ၍ မှတ်တမ်းတင်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Pages