ကမ္ဘာ့အပူဆုံး ၅ မြို့တွင် မြန်မာနိုင်ငံမှ ၄ မြို့ ပါဝင်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, April 1, 2026

ကမ္ဘာ့အပူဆုံး ၅ မြို့တွင် မြန်မာနိုင်ငံမှ ၄ မြို့ ပါဝင်နေ

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်

.

ကမ္ဘာ့နေ့အပူချိန်အများဆုံး ၅ မြို့တွင် မြန်မာနိုင်ငံက ၄ မြို့အထိ ပါဝင်နေသည်ဟု သိရသည်။

.

.

ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသအခြေအနေများကို ထုတ်ပြန်ပေးနေသည့် Eldorado Weather ၏ ယနေ့ ဧပြီလ ၁ ရက်၊ နံနက်ပိုင်းက ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့မြို့များ၏ အမြင့်ဆုံးနေ့အပူချိန် ဖော်ပြချက်တွင် ယင်းကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။

.

မင်းဘူးမြို့သည် ယနေ့ ဧပြီလ ၁ ရက်၊ နံနက် ၁၀ နာရီခွဲအချိန်တွင် အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်ဖြင့် ပထမနေရာတွင်လည်းကောင်း၊ မကွေးမြို့သည် ၄၁ ဒသမ ၈ ဒီဂရီစင်တီဂိတ်ဖြင့် တတိယနေရာတွင် လည်းကောင်း၊ ချောက်မြို့သည် ၄၁ ဒသမ ၄ ဒီဂရီစင်တီဂရီတ်ဖြင့် စတုတ္ထနေရာတွင်လည်းကောင်း၊ တောင်ငူမြို့သည် ၄၁ ဒဂရီစင်တီဂရိတ်ဖြင့် ပဉ္စမနေရာတွင်လည်းကောင်း ရှိနေသည်။

.

Eldorado Weather ၏ ထုတ်ပြန်ချက်တွင် ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၅ မြို့၏ စာရင်းကို ဖော်ပြထားရာ ပြည်မြို့သည် အမှတ် (၇) နေရာတွင်လည်းကောင်း၊ ဟင်္သာတ၊ ဘားအံနှင့် မိတ္တီလာမြို့တို့သည် အမှတ်စဉ် (၁၃)၊ (၁၄) နှင့် (၁၅) နေရာများတွင်လည်းကောင်း အသီးသီး ရှိနေရာ ကမ္ဘာ့အပူဆုံး ၁၅ မြို့တွင် မြန်မာ နိုင်ငံမှ ၈ မြို့အထိ ပါဝင်နေခြင်းဖြစ်သည်။

.

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ၂၀၂၆ ခုနှစ်၊ ဧပြီလ ပထမ ၁၀ ရက်ပတ်အတွင်း တနင်္သာရီတိုင်း ဒေသကြီးတွင် ဧပြီလပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ပိုနိုင်ပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တိုတွင် ဧပြီလပျမ်းမျှ အပူချိန်ခန့်သာ ရှိနိုင်ကြောင်း ယနေ့ ဧပြီလ ၁ ရက်၊ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages