ကျိုင်းတုံတွင် ဆိုင်ကယ်ခိုးယူသူဟု သံသယရှိသူကို ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, April 3, 2026

ကျိုင်းတုံတွင် ဆိုင်ကယ်ခိုးယူသူဟု သံသယရှိသူကို ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ယမန်နေ့ ဧပြီလ ၂ ရက်က ဆိုင်ကယ်ခိုးယူလာသူဟု သံသယရှိသူ တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

ကျိုင်းတုံမြို့၊ မြို့ရှောင်လမ်းဘက်မှ မြို့တွင်းဘက်သို့ ဆိုင်ကယ်စီးနင်းမောင်းနှင်လာသော ချန်ဇီး (ခ) အားစီး ဆိုသူအား တာဝန်ရှိသူများက မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်နှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား မပြသနိုင်သဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“ဆိုင်ကယ်ပျောက်မှုတွေကတော့ မကြာခဏ ကြားနေရတာရှိပါတယ်။ ဆိုင်ကယ်ပိုင်ရှင် ကိုယ်တိုင်ရော ရပ်ကွက်ကျေးရွာနေ ပြည်သူများကပါ လုံခြုံရေးသတိနဲ့ ပူးပေါင်းပါဝင်ကြရင်တော့ မှုခင်းကျဆင်းရေး အတွက်လည်း ကြီးမားတဲ့အထောက်အကူ အကျိုးကျေးဇူးကို ရစေမှာဖြစ်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

သို့ဖြစ်၍ ဆိုင်ကယ်ခိုးယူသူဟုသံသယရှိသူ ချန်ဇီး (ခ) အားစီး အားကျိုင်းတုံမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages