၆ ဘွဲ့ရ ရှင်အာစာရာ လင်္ကာရ၏ ဂုဏဝိသိဋ္ဌ ပူဇာမင်္ဂလာ နှင့် အကြိုဓမ္မသဘင် ညတရားပွဲ ကျင်းပမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Monday, April 6, 2026

၆ ဘွဲ့ရ ရှင်အာစာရာ လင်္ကာရ၏ ဂုဏဝိသိဋ္ဌ ပူဇာမင်္ဂလာ နှင့် အကြိုဓမ္မသဘင် ညတရားပွဲ ကျင်းပမည်

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်

.

တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ ရတနာပုံအောင်သုခကျောင်းတိုက်တွင် ၆ ဘွဲ့ရ ရှင်အာစာရာ လင်္ကာရ၏ ဂုဏဝိသိဋ္ဌ ပူဇာမင်္ဂလာ နှင့် အကြိုဓမ္မသဘင် တရားပွဲကို ဧပြီလ ၇ ရက်နှင့် ၈ ရက်တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

ပူဇော်ပွဲ အကြိုည ဓမ္မသဘင် တရားပွဲကို ၁၃၈၇ ခုနှစ်၊ နှောင်းတန်ခူးလဆုတ် ၆ ရက်၊ ဧပြီလ ၇ ရက် (အင်္ဂါနေ့) ညပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တိပိဋက ကမ္ဘောဇ ကျောင်းတိုက် စာချကထိက၊ ဒွိပိဋကဓရ ဒွိပိဋက ကောဝိဒ မူလအဘိဓမ္မိက ဘဒ္ဒန္တ ပညာစာရာ လင်္ကာရ က နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ ဟောကြားချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

ထို့နောက် နှောင်းတန်ခူးလပြည့်ကျော် ၇ ရက်၊ ဧပြီလ ၈ ရက် (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် ဧည့်သည်များအား ဧည့်ခံကျွေးမွေးကာ ခမည်းတော် ဦးမြင့်ချို+မယ်တော် ဒေါ်သန်းသန်းနွယ် တို့၏သား သာမဏေကျော် ၆ ဘွဲ့ရ ရှင်အာစာရာလင်္ကာရ အား အခမ်းအနားဖြင့် ဂုဏ်ပြုပူဇော် တရားတော်နာယူသွားမည်ဖြစ်ကြောင်း သိရသည်။

.

ရှင်အာစာရာလင်္ကာရကို တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်တွင် ၁၃၆၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၌ ခမည်းတော် ဦးမြင့်ချို+မယ်တော် ဒေါ်သန်းသန်းနွယ်တို့က ဖွားမြင်ခဲ့ပြီး ၁၃၈၀ ပြည့်နှစ်၊ တပေါင်း လပြည့်ကျော် ၃ ရက်တွင် ပျော်ဘွယ်မြို့တွင် ရှင်သာမဏေ ဘောင်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

.

ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တိပိဋက ရွှေပါရမီကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တိပိဋက ကမ္ဘောဇကျောင်းတိုက်တို့တွင် ပိဋကတ်ကျမ်းစာများ သင်ယူခဲ့ပြီး မန္တလေးမြို့၊ ပရိယတ္တိသာသနဟိတ သာမဏေကျော်ဘွဲ့၊ တောင်ကြီးမြို့၊ ကမ္ဗောဇရဋ္ဌသာသနာလင်္ကာရ သာမဏေကျော်ဘွဲ့၊ ပဲခူးမြို၊ ပရိယတ္တိ သဒ္ဓမ္မရက္ခိတ သာသနာလင်္ကာရ သာမဏေကျော်ဘွဲ့၊ ဘားအံမြို့၊ သာသနမာမက သာသနာလင်္ကာရ သာမဏေကျော်ဘွဲ့၊ စစ်တွေမြို့၊ ရက္ခပူရ သာသနာလင်္ကာ ရသာမဏေကျော်ဘွဲ့၊ မော်လမြိုင်မြို့၊ တိပိဋက ကမ္ဘောဇသာမဏေကျော်ဘွဲ့ များကို အသီးသီး အောင်မြင် ရရှိခဲ့သည်။

.

No comments:

Post a Comment

Pages