တောင်ကြီးမြို့၊
ကံသာရပ်ကွက်၊ အောင်မြေလမ်းတွင် လူငယ်အမျိုးသား
၂ ဦးအား
တစ်ရပ်ကွက်တည်းနေ အခြားလူငယ်အမျိုးသား ၃ ဦးက ဝိုင်းဝန်း
ထိုးကြိတ်ပြီး
ဓားဖြင့် ထိုးခုတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ကံသာရပ်ကွက်၊ အောင်မြေလမ်းရှိ ကွမ်းယာဆိုင် တစ်ခုတွင် ဇင်သက်ပိုင် နှင့် ထက်လင်းဦး တို့ ၂
ဦးသည် ပြီးခဲ့သည့် ဧပြီလ ၁ ရက်၊ ည ၇
နာရီခွဲခန့်က ကွမ်းယာ ဝယ်ရန် စောင့်ဆိုင်းနေစဉ် တစ်ရပ်ကွက်တည်းနေ အသေးလေးနှင့် အတူ
အခြား အမျိုးသား ၂ ဦးတို့
ရောက်ရှိလာကာ ဝိုင်းဝန်း
ထိုးကြိတ်ခဲ့ပြီး အသင့် ယူဆောင်လာသည့် ဓါးဖြင့် ထိုးခုတ်၍ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
“သူငယ်ချင်း ၂
ယောက်က ဆိုင်ရှေ့မှာ
စကား ရပ်ပြောနေကြတဲ့ အချိန် လူ ၃
ယောက် ဆိုင်ကယ်နဲ့
ရောက်လာပြီး လက်သီးနဲ့ ဝိုင်းထိုးတာပါ။ မီးတွေက
ပျက်နေတော့ သူတို့ ရုပ်တွေကို
သဲသဲကွဲကွဲ မမြင်လိုက်ဘူး။ ကလေးက ဆိုင်ကယ်
ကန့်လန့်
ရပ်ထားတဲ့အပေါ် မှောက်ပြီး ပြုတ်ကျတာ သူ့ သူငယ်ချင်းက
ဝင်ပြောတော့ အဲဒီ ကလေးရဲ့ ဂုတ်ကို ကျဉ်စက်နဲ့
တို့ပြီး လက်ကို ဓားနဲ့ မွှန်းပစ်တာပါ။
ပြီးတော့ တစ်ယောက်က ဆိုင်ကယ်ပေါ် မှောက်နေတဲ့ ကလေးကို
ခွပြီးတော့ ဓားတွေနဲ့ မွှန်းလိုက်တာ”
ဟု အခင်းဖြစ်ပွားရာကို
မြင်တွေ့သူ တစ်ဦးက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း ဓါးခုတ်မှုကြောင့်
ဇင်သက်ပိုင် တွင် ခန္ဓာကိုယ် နောက်ကျောပြင် ပြတ်ရှဒဏ်ရာ ၅ ချက်၊
ဝဲလက် ပြတ်ရှဒဏ်ရာ ၁ ချက် ရရှိခဲ့ပြီး ထက်လင်းဦး တွင် ဂုတ်ပိုးပြတ်ရှ ဒဏ်ရာ
၁ ချက်၊ ဝဲ/ယာ လက်ဖျံတို့တွင် ပြတ်ရှဒဏ်ရာ ၁ ချက်စီ နှင့် ယာလက်မောင်းရင်းတွင်
ပြတ်ရှဒဏ်ရာ ၂ ချက် ရရှိကာ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း
သိရသည်။
.
ဓားဖြင့်
ခုတ်သူများအား ရဲတပ်ဖွဲ့က
ဧပြီလ ၂ ရက်၊ နံနက် ၁၁ နာရီခန့်တွင် ဖမ်းဆီး၍
အမှုဖွင့်စစ်ဆေး
ဆောင်ရွက်လျက်ရှိကြောင်း သိရသဖြင့်
ကမ္ဘောဇတိုင်းမှ ယမန်နေ့တွင် တောင်ကြီးမြို့မရဲစခန်းသို့ သွားရောက် မေးမြန်းခဲ့ရာ “အထက်လူကြီးများ ပြန်သွားတာကြောင့် ဖြေကြားနိုင်ခြင်း မရှိကြောင်း”သာ ပြောဆိုခဲ့သည်။
.
အဆိုပါ ဖမ်းဆီးမှု
အခြေအနေအား သီးခြားစုံစမ်းမှုများ ပြုလုပ်ရာ ပြစ်မှုကျူးလွန်သူများမှာ အသေးလေး (ခ) သက်ဝင်းထွန်း (ခ) အဒွန်လာဘိုင်၊ မင်းသိန်းဦး (ခ) အာဆစ် နှင့်
ရဲနိုင်ဝင်း တို့ ၃ ဦး ဖြစ်သည်ဟု သိရသည်။


No comments:
Post a Comment