.
၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက်
.
တောင်ကိုရီးယားရဲ့နာမည်ကျော် အမျိုးသမီး
ကေပေါ့ပ်အဖွဲ့ Apink ရဲ့ အဖွဲ့ဝင် ဘိုမီ ကတော့ ဒီနေ့
မင်္ဂလာပွဲ ပြုလုပ်မှာဖြစ်ပြီး ပွဲအကြို စုံတွဲဓာတ်ပုံတွေကို
ထုတ်ကြွားသွားခဲ့ပါတယ်။
.
.၁၉၉၃ ခုနှစ်ဖွား၊ ကေပေါ့ပ်အဆိုတော်မလေး ဘိုမီ က
၂၀၁၁ ခုနှစ်မှာ Apink နဲ့အတူ ပွဲထွက်ခဲ့တာဖြစ်ပြီး
အရမ်းအောင်မြင်ခဲ့တဲ့ ဒုတိယမျိုးဆက် မိန်းကလေး ကေပေါ့ပ်အဖွဲ့ဖြစ်လာခဲ့တာပါ။
.
လက်ရှိအချိန်မှာတော့ သူက Rado လို့ခေါ်တဲ့ နာမည်ကြီး တေးဂီတထုတ်လုပ်သူ၊ သီချင်းရေးသူ တစ်ယောက်နဲ့
လက်ထပ်တော့မှာဖြစ်ပြီး ရာဒိုက ဘိုမီထက် ၉ နှစ်ကြီးပါတယ်။
.
သူတို့နှစ်ယောက်တွဲနေတဲ့အကြောင်း ၂၀၂၄
ခုနှစ်မှာမှ ပရိသတ်ကို ပြောပြခဲ့ပေမJh တကယ်တမ်းမှာတော့ ၂၀၁၇
ခုနှစ်လောက်ကတည်းက တွဲနေခဲ့ကြတာလို့ သတင်းတွေ ထွက်နေတာပါ။
.
အနုပညာနာမည် ရာဒို လို့ခေါ်တဲ့ ဆောင်ဂျိုယောင်းက
နာမည်ကျော်တေးထုတ်လုပ်တဲ့အဖွဲ့ Black Eyed Pilseung ရဲ့အဖွဲ့ဝင်တစ်ယောက်ပါ။
သူတို့က နှစ်ယောက်တွဲ သီချင်းထုတ်လုပ်သူတွေဖြစ်ပြီး Twice ၊ STAYC
နဲ့ Apink တို့လို အဖွဲ့တွေအတွက် နာမည်ကျော်
တေးသီချင်းတွေ အများကြီး ရေးပေးထားတဲ့အဖွဲ့ပါ။
.
ရာဒိုက အမျိုးသမီးကေပေါ့ပ်အဖွဲ့ဖြစ်တဲ့ STAYC
ကို စင်တင်ပေးတဲ့ High Up Entertainment ကို
ပူးတွဲ တည်ထောင်သူအဖြစ်လည်း တာဝန်ယူထားတာပါ။
.
သူနဲ့ဘိုမီက သီချင်းတွေသွင်းရင်းနဲ့
နီးစပ်သွားကြတာလို့ သတင်းတွေမှာ တွေ့ရပြီး ဂီတအသိုင်းအဝိုင်းထဲမှာ တော့
တော်တော်လေး ကြာရှည်ခံတဲ့စုံတွဲဆိုပြီး ချီးကျုးနေကြတာတွေလည်း ရှိပါတယ်။ ဘိုမီရဲ့ ပရိသတ်
တွေက သူတို့ကြားက အသက်အရွယ်ကွာဟမှုကြောင့် လက်မခံနိုင်တဲ့အကြောင်း အစောပိုင်းမှာ
မှတ်ချက် တွေ ရေးနေကြပေမJhလည်း ရည်းစားပြသနာနဲ့ ပတ်သက်ရင်
နာမည်ဆိုးထွက်လေ့မရှိတဲ့ Apink ရဲ့ အနေအထားကြောင့်
နောက်ဆုံးမှာ သဘောတူလိုက်ကြတာပါ။
.
ဘိုမီရဲ့မင်္ဂလာပွဲကို ဒီနေ့ညနေပိုင်းမှာ
ပြုလုပ်ဖို့ရှိနေပြီး သူ့ရဲ့ မင်္ဂလာပွဲဓာတ်ပုံတွေကို ထပ်ပြီးမြင်ရဖို့ ရှိနေပါသေးတယ်။
.

No comments:
Post a Comment