ဝေဖန်မှုများ ထွက်ပေါ်ပြီးနောက် တောင်ကြီးမြို့လယ်ရှိ ဘောလုံးကွင်းတိုက်တန်းကို အကာအရံများ ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, May 16, 2026

ဝေဖန်မှုများ ထွက်ပေါ်ပြီးနောက် တောင်ကြီးမြို့လယ်ရှိ ဘောလုံးကွင်းတိုက်တန်းကို အကာအရံများ ပြုလုပ်

.

၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက်

.

တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း ပတ်လည်ရှိ တစ်ပိုင်းတစ်စ ဖြိုဖျက်ထားသည့် ဆိုင်ခန်းများနှင့် ပတ်သက်၍ ဒေသခံများအကြား ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် အတားအဆီးများ ပြန်လည်ကာရံ ထားသည်ဟု သိရသည်။

.

.

အဆိုပါ ဖြိုဖျက်ထားသည့် ဘောလုံးကွင်းတိုက်တန်းတွင် စွန့်ပစ်အမှိုက်များဖြင့် ပြည့်နှက်နေပြီး မသမာသူ များလည်း ခိုအောင်းနေနိုင်သည့်အတွက် ပတ်ဝန်းကျင်တွင် နေထိုင်သူများအပြင် မြို့နေပြည်သူများအတွက် စိတ်အနှောင့်အယှက် ဖြစ်ပေါ်နေရကြောင်း ဒေသခံများက ပြောဆိုနေခြင်းဖြစ်သည်။

.

“အဲဒီမှာ အမှိုက်တွေနဲ့ ညစ်ပတ်နံစော် နေတာပေါ့။ နောက်ပြီး ဖျက်ထားတဲ့ တိုက်တန်းမှာ မျက်ကွယ် နေရာ တွေ အများကြီးဖြစ်နေတယ်။ အဲဒါက ဆေးသမား တွေ၊ ဒုစရိုက်သမားတွေအတွက် နေရာလုပ်ပေးထား သလို ဖြစ်နေတာပေါ့။ အခုလို အတားအဆီးလေး လုပ်ပေးထားတာတော့ ကောင်းပါတယ်။ တောင်ဘက်အခြမ်းပဲ ကာနေသေးတယ်။ ကျန်တဲ့နေရာတော့ ကာတာ မတွေ့သေးဘူး" ဟု တောင်ကြီး ဒေသခံတစ်ဦးက ပြေသည်။

.

အားကစားကွင်း ဆိုင်ခန်းများကို ဖယ်ရှားရှင်းလင်းခဲ့ပြီးနောက် ဘောလုံးကွင်းအနောက်ဘက် အိုလံပစ် လမ်းတစ်လျှောက်တွင် လူနှင့် ယာဉ်အသွားအလာ နည်းပါးသွားပြီး ခိုးဆိုးလုယက်မှုနှင့် အခြား ဒုစရိုက်မှု များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရသည်ဟု အခြား ဒေသခံတစ်ဦးကလည်း ပြောဆိုခဲ့သည်။

.

“အခုက ညနေ မှောင်ပြီဆိုရင် အဲဒီလမ်းဘက် မသွားရဲတော့ဘူး။ အဲဒီလမ်းက လူလည်း ပြတ်တယ်။ ဖျက် ထားတဲ့ နေရာကလည်း ဒုစရိုက် သမားတွေ ခိုအောင်းလို့ကောင်းတဲ့နေရာ ဖြစ်နေပါတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

.

ယင်း ဖျက်သိမ်းထားသည့် အားကစားကွင်းတိုက်တန်းနေရာတွင် နိုင်ငံတကာအဆင့်မီ အားကစားကွင်း/ အားကစားရုံနှင့် ရေကူးကန်၊ လူငယ်ရေးရာစင်တာများ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသော်လည်း အသေးစိတ် အခြေအနေများကိုမူ သက်ဆိုင်ရာက အသိပေး ထုတ်ပြန်ခြင်း မရှိသေးပေ။

.

No comments:

Post a Comment

Pages