အီဘိုလာရောဂါကို အမေရိကန်ထဲလုံး ဝ ဝင်ခွင့် မပေးဘူးလို့ ထရမ့်အစိုးရ ပြော - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, May 28, 2026

အီဘိုလာရောဂါကို အမေရိကန်ထဲလုံး ဝ ဝင်ခွင့် မပေးဘူးလို့ ထရမ့်အစိုးရ ပြော


ကွန်ဂိုနိုင်ငံတွင်း အီဘိုလာရောဂါ ဖြစ်ပွားမှု ဆက်လက် တိုးတက်နေချိန်မှာ ထရမ့်အစိုးရကတော့ ဒီရောဂါကို အမေရိကန်နိုင်ငံအတွင်း လုံးဝ အဝင်ခံမှာ မဟုတ်တဲ့အကြောင်းနဲ့ အာရုံစိုက်ပြီး လုပ်ဆောင်နေတယ် ဆိုတဲ့ အကြောင်း အသိပေးလိုက်ပါတယ်။၊

.
အီဘိုလာရောဂါ ကူးစက်ခံရသူ တစ်ယောက်ကိုမှ အမေရိကန်နိုင်ငံထဲ ဝင်လာခွင့် မပေးနိုင်ပါဘူး” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကက်ဘိနက် အစည်းအဝေးမှာ ပြောခဲ့တာပါ။
.
အီဘိုလာ ဗိုင်းရပ်စ်နဲ့ ထိတွေ့မိခဲ့ပေမယ့် ရောဂါလက္ခဏာ မပြသေးတဲ့ အမေရိကန် နိုင်ငံသားတွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့အတွက် အမေရိကန်က ကင်ညာနိုင်ငံအတွင်းမှာ နောက်ဆုံးပေါ် နည်းပညာသုံး စင်တာတစ်ခု တည်ဆောက်နေတာပါ။
.
ဒီစင်တာက ကွန်ဂို ကနေ အမေရိကန်နိုင်ငံသားတွေကို အမြန် ထွက်ခွာစေပြီး အန္တရာယ် မရှိဘဲ ကွာရန်တင်း လုပ်နိုင်ဖို့နဲ့ အမေရိကန်ပြည်ထောင်စုဆီကို ပြန်လည် ခေါ်ဆောင်နိုင်ဖို့အတွက် အရည်အသွေးမြင့် ကျန်းမာရေး စောင့်ရှောက်မှုမျိုး ရရှိစေမှာပါ” လို့ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။
.
ဒီစင်တာမှာ အီဘိုလာဗိုင်းရပ်စ်ရဲ့ အခြေအနေ အမျိုးမျိုးကို ကုသနိုင်မယ့် စွမ်းဆောင်ရည်တွေ ရှိတယ်လို့ မျှော်လင့်ထားပြီး အရေးပေါ်  ကုသမှုတွေလည်း လုပ်ပေးနိုင်မှာပါ။ လူနာတစ်ဦးချင်းစီကို ပိုပြီး အဆင့်မြင့်တဲ့ ကုသမှုတွေ လို/မလို သေချာ သုံးသပ်ပေးမှာ ဖြစ်ပြီး လိုအပ်သူတွေကိုတော့ တခြားနေရာတွေဆီ ပို့ဆောင် ကုသပေးမှာ ဖြစ်ပါတယ်” လို့လည်း ဆိုပါတယ်။
.
ဒီစင်တာကို အမေရိကန်နိုင်ငံခြားရေးဌာန၊ ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုဌာနနဲ့ ပန်တဂွန်တို့ ပူးပေါင်းပြီး တည်ဆောက်နေတာပါ။ အမေရိကန်နိုင်ငံတွင်းမှာလည်း အီဘိုလာ လူနာတွေကို ကုသဖို့အတွက် အထူး ပြင်ဆင်ထားတဲ့ ဆေးရုံကွန်ယက် တစ်ခု ရှိနေပေမယ့် အမေရိကန် အစိုးရကတော့ အရေးပေါ် အခြေအနေမှသာ အသုံးပြုဖို့ စီစဉ်ထားပါတယ်။
.
အမေရိကန််အစိုးရရဲ့ လက်ရှိအစီအစဉ်က အီဘိုလာ ရောဂါပိုး ရှိနေရင် ကိုယ့်နိုင်ငံသား ဖြစ်နေရင်တောင် နိုင်ငံထဲ ဝင်ခွင့် မပေးဘူးလို့ အဓိပ္ပာယ်ပေါ်နေတာကြောင့်လည်း ဝေဖန်မှု များစွာနဲ့ ရင်ဆိုင်နေရပါတယ်။

.
Source : CNN
.

#KBZTai #Shan #Ebola #International

No comments:

Post a Comment

Pages