ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ (၁)၊ ထင်းရှုးမြိုင်လမ်းတွင် ယမန်နေ့ မေလ ၂၇ ရက်၊ နံနက်ပိုင်းက အကောက်ခွန်မဲ့ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် ၂ စီးကို ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ရဲတပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပါရမီ လမ်းအတိုင်း မောင်းနှင်လာသော မော်တော်ယာဉ် ၂ စီးကို ရပ်တန့်
ရှာဖွေစစ်ဆေးစဉ် တရုတ်နိုင်ငံထုတ် ဆောက်လုပ်ရေးသုံး ကုန်မာပစ္စည်းများ
ဖြစ်သည့် ငွေကျပ်သိန်း ၆၀၀ ကျော် တန်ဖိုးရှိသော
တရားမဝင် အကောက်ခွန်မဲ့ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“ ကုန်သည်တွေရော၊
ကားသမားတွေရော ခုချိန်မှာ လက်တည့်စမ်းချင်တာမျိုး မလုပ်စေချင်ဘူး။ တစ်နေရာ မဟုတ်၊ တစ်နေရာ
ဖမ်းမိမှာပဲ။ ပုံမှန် ဖမ်းနေတဲ့အပြင် ခုချိန်က ရက် ၁၀၀ ကာလ ဖြစ်နေတော့ ပို ဆိုးနေမှာပဲ။
အဖမ်းခံရရင် ကားရော ပစ္စည်းရော အသိမ်းခံရတဲ့အပြင် လူလည်း ထောင်ကျမှာဖြစ်လို့ မစွန့်စားကြစေချင်ဘူး။”
ဟု ကုန်သည် တစ်ဦးက ပြောသည်။
.
အဆိုပါ
မော်တော်ယာဉ် ၂ စီးဖြင့် အကောက်ခွန်မဲ့ ပစ္စည်းများသယ်ဆောင်လာသူ
ယာဉ်မောင်းများအား လားရှိုးမြို့မရဲစခန်းတွင် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
.
#KBZTai #Shan #Lashio

No comments:
Post a Comment