❏ တောင်ကြီးမြို့၊ နာရီစင်ညဈေးကို ကုန်သည်လမ်းသို့ စတင်ပြောင်းရွှေ့ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, May 16, 2026

❏ တောင်ကြီးမြို့၊ နာရီစင်ညဈေးကို ကုန်သည်လမ်းသို့ စတင်ပြောင်းရွှေ့


.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ တပင်ရွှေထီးလမ်းရှိ နာရီစင်ညဈေးကို ယနေ့ မေလ ၁၆ ရက်မှ စတင်၍ မြို့မဈေးမြောက်ဘက် ကုန်သည်လမ်းရှိ ယာယီညဈေး နေရာတွင် စတင်ဖွင့်လှစ် ရောင်းချနေပြီ ဖြစ်ကြောင်း သိရသည်။ . ကုန်သည်လမ်းသို့ ပြောင်းရွှေ့ရာတွင် အထည်ဆိုင်များအတွက် ၁၀ ပေပတ်လည်နှင့် စားသောက်ဆိုင်များ အတွက် ၁၅ ပေ x ၁၀ ပေ သာ နေရာ ရရှိပြီး စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချရန် အဆင်မပြေကြောင်း ဈေးသည်များက ပြောဆိုကြသည်။ . တောင်ကြီးမြို့၊ တပင်ရွှေထီးလမ်းရှိ နာရီစင်ညဈေး နေရာတွင် သီဟကုမ္ပဏီမှ ၇ ထပ် ကားပါကင် အဆောက်အဦ ဆောက်လုပ်မည်ဖြစ်သည့်အတွက် ယင်းနေရာရှိ ဈေးသည်များကို မြို့မဈေး မြောက်ဘက်၊ ကုန်သည်လမ်းတွင် ယာယီ နေရာချထားပေးခြင်းဖြစ်ကြောင်း သိရသည်။ . #KBZTai #Shan #Taunggyi

No comments:

Post a Comment

Pages