၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ တရုတ်စာသင်ကျောင်း
တစ်ခု၏ ကျောင်းသူ တစ်စုက ကျောင်းသူ တစ်ဦးကို အုပ်စုဖွဲ့၍ ဝိုင်းဝန်းရိုက်နှက် အနိုင်ကျင့်ခဲ့သည့်
ရုပ်သံဖိုင် တစ်ခု လူမှုကွန်ရက်တွင် ပြန့်နှံ့လာခြင်း ဖြစ်သည်။
.
ကိုးကန့်စာပေယဉ်ကျေးမှုနှင့်
ပညာရေးအဖွဲ့ကမူ အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် ကျောင်းတွင်း အနိုင်ကျင့်မှု ဗီဒီယိုကို ကနဦး စုံစမ်းစစ်ဆေးထားရာ
ကြည့်ရှုနေသော ကျောင်းသားများတွင် Guonin ကျောင်းသား၊ ကျောင်းသူများ ပါဝင်ခဲ့ပြီး၊
ရိုက်နှက်သူနှင့် ထိခိုက်နစ်နာသူများမှာ Sheng Guang အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ဖြစ်သည်ဟု ထုတ်ပြန်ထားကြောင်း
သိရသည်။
.
အဆိုပါ
Guomin နဲ့ Sheng Guang ကျောင်းများသည် လားရှိုးမြို့၌ ဖွင့်လှစ်ထားသော ပုဂ္ဂလိက
တရုတ်ကျောင်းများ ဖြစ်သည်ဟု သိရပြီး ဖြစ်စဉ် အသေးစိတ် အခြေအနေနှင့် သက်ဆိုင်ရာ
အာဏာပိုင်များ၏ အရေးယူ ဆောင်ရွက်မှု အခြေအနေကိုမူ မသိရသေးပေ။
.
#KBZTai
#Shan #Lashio
No comments:
Post a Comment