ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင် ယမန်နေ့ မေလ ၂၇ ရက်က လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
.
ဟဲဟိုးမြို့၊
ဘော်ဆိုင်းကျေးရွာအုပ်စု၊ ဟဲဟိုး-ဘော်ဆိုင်းသွားလမ်း၊ အင်းနီလမ်းဆုံတွင် ပင်းတယ မှ
ဟဲဟိုးဘက်သို့ အမျိုးသား
တစ်ဦး မောင်းနှင်လာသော TOYOTA CROWN အဖြူရောင် မော်တော်ယာဉ်ကို
ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးစဉ် မှတ်ပုံတင်ထားသည့် သက်သေခံ အထောက်အထား
တစ်စုံတရာ ပြသနိုင်ခြင်း မရှိသည့်အတွက်ဟု ဆိုကာ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း
သိရသည်။
.
“ စီးနေတာ
ပွဲစားရယ်၊ ဘာရယ်တော့ မသိဘူး၊ ဖမ်းရတာပေါ့။ ပို့/သွင်း ၈ နဲ့ အမှုဖွင့်ထားပါတယ်။” ဟု
တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
အဆိုပါ
လိုင်စင်မဲ့ မော်တော်ယာဉ်ဖြင့် အဖမ်းခံရသူ အမျိုးသားမှာ ပင်းတယမြို့နယ်၊ မိုင်းအင်ကျေးရွာနေ အသက် ၂၄ နှစ်အရွယ် လူငယ်အမျိုးသား တစ်ဦး ဖြစ်ပြီး
၎င်းကို ဟဲဟိုးနယ်မြေရဲစခန်းတွင် ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.
#KBZTai #Shan #Heho

No comments:
Post a Comment