ပတ္တရားမှာ ထိုင်းလူငယ်တစ်ဦးကို ဝိုင်းဝန်းတိုက်ခိုက်မှုနဲ့ မြန်မာလူငယ်အုပ်စု ဖမ်းဆီးခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, May 19, 2026

ပတ္တရားမှာ ထိုင်းလူငယ်တစ်ဦးကို ဝိုင်းဝန်းတိုက်ခိုက်မှုနဲ့ မြန်မာလူငယ်အုပ်စု ဖမ်းဆီးခံရ

.

၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်

.

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ အသက် ၁၆ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦးကို ဝိုင်းရိုက်ခဲ့တယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ မြန်မာလူငယ်အုပ်စု တစ်စု အဖမ်းခံထားရပါတယ်။ ဒါပေမဲ့ မြန်မာလူငယ်တွေဖက်က ဖြစ်စဉ်ကို ပြန်လည်ရှင်းပြခဲ့ပြီး ထိုင်းလူငယ်ဖက်က တစ်ဦီးကနေ သေနတ်နဲ့ခြိမ်းခြောက်ပြီး ဖိနပ်လုယူဖို့ ကြိုးစားတာ ကြောင့် ပြဿနာ စခဲ့တာလို့ ဆိုပါတယ်။ CCTV မှတ်တမ်းတွေကို ပြန်လည်စစ်ဆေးပေးဖို့လည်း မြန်မာ ဖက်ကနေ တောင်းဆိုထားတာပါ။

.

.

လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ပို့စ်တွေအရ တိုက်ခိုက်ခံရတဲ့ လူငယ်ရဲ့ အကိုဖြစ်သူက သူ့ရဲ့ညီကို မြန်မာ လူငယ် ၁၀ ယောက်လောက် ဝိုင်းပြီး တိုက်ခိုက်ခဲ့ကြတာလို့ ရေးထားတာပါ။ အဲဒီလူငယ်တွေက လူကို ရိုက်နှက်ခဲ့တဲ့အပြင် ဖိနပ်ကိုလုယူတာ၊ ဆိုင်ကယ်ကို ဖျက်ဆီးခဲ့တာနဲ့ တံတွေးနဲ့ထွေးတာတွေအထိ လုပ်ခဲ့ကြတယ်လို့ စွပ်စွဲထားတာပါ။

.

ဒီဖြစ်ရပ်က ဝပ်ချောင်လွန်ရှေ့မှာရှိတဲ့ ဆူခွန်ဗစ်လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ချောင်ဘူရီကို ဝင်တဲ့ လမ်းဖက်မှာ ဖြစ်ပွားခဲ့တာပါ။ ဘန်လာမွန်ရဲမှူးကြီး နူချာနတ်က မေလ ၁၈ ရက် ညနေပိုင်းမှာ ပူးပေါင်း အဖွဲ့တစ်ဖွဲ့က သံသယရှိသူတွေကို စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

.

စစ်ဆေးမေးမြန်းမှုအတွင်းမှာ သံသယရှိသူတွေက ထိုင်းလူငယ်ကို တိုက်ခိုက်ခဲ့တဲ့အကြောင်း ဝန်ခံထား ပါတယ်။ ဒါပေမဲ့ အဲဒီထဲက အဖွဲ့ဝင်တစ်ဦးကတော့ ထိုင်းလူငယ်က ဒီဖြစ်ရပ်ကို စတင်ခဲ့တာဖြစ်ပြီး သေနတ် လို့ ယူဆရတဲ့အရာတစ်ခုနဲ့ ခြိမ်းခြောက်ပြီး သူ့ရဲ့ဖိနပ်ကိုပေးဖို့ အတင်းအကျပ်တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ သူ့သူငယ်ချင်းတွေ ရောက်လာပြီး ဝင်ရောက်ဖြေရှင်းရာကနေ CCTV မှာ မြင်ရတဲ့ ရန်ပွဲဖြစ်ပွားခဲ့တာလို့ ထွက်ဆိုထားပါတယ်။ မြန်မာအဖွဲ့က CCTV မှတ်တမ်းတွေကို ဖြစ်စဉ်မတိုင်မီ အချိန်တွေအထိ ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပြီး သူတို့ကိုယ်တိုင်လည်း ထိခိုက်ခံခဲ့ရတယ်လို့ အခိုင်အမာ ထွက်ဆိုထားတာပါ။

.

အာဏာပိုင်တွေကတော့ အပြစ်ရှိကြောင်း တွေ့ရှိရသူ ဘယ်သူ့ကိုမဆို ဥပဒေအရ အပြစ်ပေးသွားမှာ ဖြစ်တဲ့ အကြောင်းနဲ့ ပါဝင်ပတ်သက်သူအားလုံးကို တရားမျှတမှု ရှိစေဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောဆို ထားပါတယ်။

.

No comments:

Post a Comment

Pages