.
၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက်
.
ထိုင်းနိုင်ငံ၊ ချွန်ဘူရီမှာ ကားမှောက်ရာကနေ
လက်နက်တွေ၊ ဖောက်ခွဲရေးပစ္စည်းတွေ မိခဲ့တဲ့ တရုတ် အမျိုးသားရဲ့အမှုနဲ့ပတ်သက်ပြီး
ထိုင်းအရာရှိကြီးတချို့ အဖမ်းခံထားရပါတယ်။
.
.ဒီအမှုနဲ့ပတ်သက်လို့ ချင်းမိုင်ခရိုင်မှာ
“နဂါးအရိပ်ဖော်ထုတ်ခြင်း” ဆိုတဲ့ စစ်ဆင်ရေးတစ်ခုကို ပြုလုပ်ခဲ့ပြီး ဒီဖြစ်ရပ်မှာ
အဂတိလိုက်စားမိခဲ့ကြသူတွေ ထောင်ထဲရောက်ကုန်ကြတာပါ။
.
ထိုင်းပြည်ထဲရေး ဒုဝန်ကြီးကတော့ ဒီဖြစ်ရပ်ဟာ
အဂတိလိုက်စားမှုသက်သက်တင်မဟုတ်ဘဲ နိုင်ငံတော်ကို သစ္စာဖောက်မှုပါ ဖြစ်တယ်လို့
မှတ်ချက်ပေးထားပါတယ်။
.
မေလ ၉ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့
ချွန်ဘူရီခရိုင်ကားမှောက်မှုမှာ ပန်းရောင်ကတ် ကိုင်ဆောင်ထားတဲ့ အသက် ၃၁ နှစ်အရွယ်
တရုတ်နိုင်ငံသားတစ်ယောက်ကို စစ်ဆေးမှု ပြုလုပ်ခဲ့ရာကနေ သူ့ရဲ့နေအိမ်မှာ ခဲယမ်း မီးကျောက်တွေနဲ့
စစ်တပ်သုံးလက်နက်ပစ္စည်းတွေကို တွေ့ခဲ့ရတာပါ။
.
ဒီလို အန္တရာယ်များတဲ့
တရုတ်နိုင်ငံသားတစ်ယောက်အနေနဲ့ ထိုင်းမှတ်ပုံတင် ဘယ်လိုရသွားသလဲဆိုတာကို
နောက်ကြောင်းဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့ပြီး ချင်းမိုင်ခရိုင်က အရာရှိတွေ
ပါဝင်ပတ်သက်နေတာကို စုံစမ်းမိခဲ့ကြပါတယ်။
.
ချင်းမိုင်ခရိုင်ထဲမှာ ရှိတဲ့ ချင်းဒေါင်နယ်မြေက
ဒုတိယအုပ်ချုပ်ရေးမှုးနဲ့ ချင်းဒေါင်ခရိုင်ရုံး ဝန်ထမ်းတစ်ဦးဟာ ဒီ
တရုတ်နိုင်ငံသားကို လိမ်လည်ပြီး အိမ်ထောင်စုစာရင်း သွင်းပေးခဲ့တာကို
စုံစမ်းမှုတွေအရ တွေ့ရှိခဲ့ရတာပါ။ လက်ရှိမှာ ဟော့ဒ်ခရိုင်ဒုအုပ်ချုပ်ရေးမှုး ဖြစ်နေပြီဖြစ်တဲ့
ချင်းဒေါင်ဒုအုပ်ချုပ်ရေးမှုးဟောင်းဟာ သူတာဝန်ယူ ထားရတဲ့အချိန်မှာ
တိုင်းရင်းသားအခွင့်အရေးကတ် လို့ခေါ်တဲ့ ကတ်ဖြူ ၄၄၅ ခုအထိ ထုတ်ပေးထားတာ ကိုလည်း
စစ်ဆေးမှုတွေအရ တွေ့ခဲ့ရပါတယ်။
.
ဒီ တွေ့ရှိမှုကြောင့် ဒုအုပ်ချုပ်ရေးမှုးနဲ့
ရုံးဝန်ထမ်းတို့ ဖမ်းဆီးခံခဲ့ရပြီး စစ်ဆေးမှုတွေ ထပ်မံပြုလုပ်ခြင်း ခံနေရတာပါ။
.
ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးကတော့
တရုတ်ခရီးသွားတွေရဲ့ ဗီဇာကင်းလွတ်ခွင့် သက်တမ်းတိုးပေးမယ့် ကာလကို
ပြန်လည်သုံးသပ်သွားမှာ ဖြစ်တဲ့အကြောင်း ပြောဆိုထားပါတယ်။
.

No comments:
Post a Comment