.
၂၀၂၆ ခုနှစ် ၊ မေလ ၁၆ ရက်
.
နိုင်ငံရေးဆိုတာ ဘယ်လိုလုပ်ရတယ်ဆိုတဲ့အကြောင်း
အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြသလိုက်ပါတယ်။ အကြောင်းရင်းကတော့ ရွေးကောက်ပွဲကာလ တစ်လျှောက်လုံး
ငြိမ်သက်နေတဲ့ လောင်စာဆီဈေးနှုန်းဟာ ရွေးကောက်ပွဲပြီးသွားချိန်မှာမှ တန်းပြီး
တက်သွားတာမို့ပါ။
.
.ပြီးသွားတဲ့ ရွေးကောက်ပွဲမှာတော့ မိုဒီရဲ့ BJP
ပါတီက ပြည်နယ် ၄ ခုအနက် ၂ ခုမှာ အနိုင်ရခဲ့ပြီး သူ့ရဲ့ ဩဇာလွှမ်းမိုးမှုကို
တိုးချဲ့နိုင်ခဲ့ပါတယ်။
.
လက်ရှိအချိန်မှာတော့ ကမ္ဘာ့တတိယအကြီးဆုံး
ရေနံတင်သွင်းတဲ့နိုင်ငံဖြစ်တဲ့ အိန္ဒိယက လောင်စာဆီ ဈေးတွေကို မြှင့်တင်ပြီး
ခြိုးခြုံချွေတာရေး အစီအစဉ်တွေကို ကြေညာလိုက်ပါပြီ။
.
အိန္ဒိယရဲ့လောင်စာဆီ ဈေးနှုန်းတွေက ၃%
မြင့်တက်သွားတာဖြစ်ပြီး တစ်လီတာကို ၃ ရူပီး ဈေးတက်မယ် ဆိုတဲ့အကြောင်း အစိုးရက
ကြေညာသွားခဲ့ပါတယ်။ ဓာတ်ဆီဈေးနှုန်းတွေက တစ်လီတာကို ၉၇ ဒသမ ၇၇ ရူပီး (၁ ဒသမ ၀၂
ဒေါ်လာ) ကို မြင့်တက်သွားခဲ့ပြီး ဒီဇယ်ဈေးကတော့ ၉၀ ဒသမ ၆၇ ရူပီး (၀ ဒသမ ၉၄ ဒေါ်လာ)
ဖြစ်သွားခဲ့ပါတယ်။
.
တတိယအကြီးဆုံး ရေနံတင်သွင်းရတဲ့နိုင်ငံဖြစ်တဲ့
အိန္ဒိယဟာ သူတို့အသုံးပြုတဲ့ ရေနံရဲ့ ၉၀ ရာခိုင်နှုန်းကို ပြည်ပကနေ
မှာယူရတာဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းလာတဲ့ ရေနံပမာဏက အဲဒီရဲ့ ပမာဏ
တစ်ဝက်မှာ ရှိနေတာပါ။
.
ဒါပေမဲ့ အစိုးရကတော့ လောင်စာဆီဈေးတက်ဖို့
ရှောင်ရှားနေခဲ့ပြီး ပြည်သူတွေဆီကို နောက်ဆုံးအချိန်မှာမှ
ဈေးတိုးမြှင့်သတ်မှတ်ပေးတဲ့ အဓိက စီးပွားရေးနိုင်ငံတွေထဲက တစ်နိုင်ငံ
ဖြစ်လာခဲ့ပါတယ်။
.
မိုဒီကတော့ အိန္ဒိယပြည်သူတွေအနေနဲ့
ကိုယ့်ဆန္ဒအလျောက် ဆီချွေတာရေးလုပ်ဖို့ တိုက်တွန်းလိုက်ပြီး အိမ်ကနေ
အလုပ်လုပ်ဖို့၊ ပြည်ပခရီးသွားတာတွေ၊ ရွှေဝယ်တာတွေ လျော့ကြဖို့ တိုက်တွန်းထားပါတယ်။
.
မိုဒီက လောင်စာဆီချွေတာခြင်းဟာ
မျိုးချစ်စိတ်ကိုပြသလိုက်တာပဲ ဆိုတဲ့စကားနဲ့ ပြည်သူတွေကို တွန်းအားပေးခဲ့ပြီး
အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုဖို့၊ ကားအတူတူစီးတဲ့စနစ်ကို
ကျင့်သုံးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
.
အတိုက်အခံခေါင်းဆောင်တွေကတော့ မိုဒီ ဟာ
ရွေးကောက်ပွဲပြီးတဲ့အချိန်၊ သူနိုင်သွားတဲ့အချိန်ကျမှသာ ဆီဈေးကို မြှင့်ပြီး
ကြီးကြီးကျယ်ကျယ်တွေ ပြောနေတယ်လို့ ဝေဖန်ကြပါတယ်။
.
နယူးဒေလီမြို့မှာတော့ အာဏာပိုင်တွေက
လောင်စာဆီချွေတာရေးအစီအစဉ်တွေကို ကြေညာခဲ့ပြီး အစိုးရ ဝန်ထမ်းတချို့အတွက်
အိမ်ကနေအလုပ်လုပ်ရမယ့် နေ့တွေကိုပါ သတ်မှတ်ပေးခဲ့ပါတယ်။
.
အိန္ဒိယက လောင်စာဆီလျော့ချသုံးစွဲမှုရဲ့
တစိတ်တပိုင်းအဖြစ် ဆီဆိုင်အများအပြားမှာ အီသနော ၂၀% ရောစပ်ထားတဲ့ ဓာတ်ဆီတွေကို
ရောင်းချနေကြပါသေးတယ်။
.
ဒီလိုပြသနာတွေကြားမှာပဲ အိန္ဒိယက ယူအေအီးနဲ့
ရေနံ၊သဘာဝဓာတ်ငွေ့ မဟာဗျူဟာကာကွယ်ရေးနဲ့ ပူးပေါင်းရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ထိုးနိုင်ခဲ့ပြီး
ယူအေအီးအစိုးရဖက်ကလည်း ဟော်မုဇ် ရေလက်ကြားကို မဖြတ်သန်းရဘဲ ရေနံတင်ပို့နိုင်မယ့်
ပိုက်လိုင်းအစီအစဉ်ကို ၂၀၂၇ မှာ စတင်မယ်လို့ ကြေညာလိုက်ပါတယ်။
.

No comments:
Post a Comment