အင်္ဂလန်ကွင်းလယ် ကစားသမားဟောင်းလည်း ဖြစ်၊ အင်တာမိုင်ယာမီ ဘောလုံးအသင်းရဲ့ ပိုင်ရှင်လည်း ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ် ကတော့ ၂၀၂၆ ခုနှစ် ပိုင်ဆိုင်မှုတွေအရ ဗြိတိန်ရဲ့ ပထမဆုံး ဘီလီယံနာ အားကစားသမား ဖြစ်လာခဲ့ပါတယ်။
.
ဘက်ခမ် ဟာ ဘောလုံးသမား ဘဝကနေ အနားယူသွားခဲ့ပြီ ဆိုပေမယ့် အားကစားနဲ့
ပတ်သက်တဲ့ စီးပွားရေးတွေ လုပ်ကိုင်နေတာမို့ သူ့ကို အားကစားသမား စာရင်းထဲ ဆက်လက် ထည့်ထားခဲ့တာပါ။
.
ဘက်ခမ်နဲ့ သူ့ဇနီး ဗစ်တိုးရီးယားတို့ရဲ့ ပိုင်ဆိုင်မှု တန်ဖိုးက
ဒီနှစ်မှာ ဒေါ်လာ ၁ ဒသမ ၅၈၃ ဘီလီယံအထိ ရှိလာခဲ့တယ်လို့ Sunday
Times က ဖော်ပြပါတယ်။ ဒါကြောင့်ပဲ သူတို့ဇနီးမောင်နှံက
ဗြိတိန်နိုင်ငံရဲ့ အချမ်းသာဆုံး အားကစားဆိုင်ရာ လူပုဂ္ဂိုလ်စာရင်းမှာ ဒုတိယနေရာအထိ
တက်လာခဲ့ပြီး ဖော်မြူလာဝမ်း သူဌေးကြီး ဘာနီအက်ကလက်စတုန်း
မိသားစုရဲ့ ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ ချမ်းသာမှု နောက်မှာ
ရပ်တည်နိုင်ခဲ့တာပါ။
.
ဘက်ခမ်ရဲ့ ပိုင်ဆိုင်မှု တန်ဖိုး မြင့်တက်လာခြင်းမှာ အင်တာမိုင်ယာမီ
အသင်း ပိုင်ဆိုင်မှုက အဓိက ကျခဲ့ပြီး မိုင်ယာမီက မေဂျာလိဂ်ရဲ့ တန်ဖိုးအမြင့်ဆုံးအသင်း
အဖြစ် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ သတ်မှတ်ခံထားရတာပါ။ အသက် ၅၁
နှစ်အရွယ် ရှိပြီဖြစ်ပေမယ့် ဘက်ခမ် က Adidas ၊ Hugo
Boss တို့ အပါအဝင် ကုမ္ပဏီ အများအပြားအတွက် ကုန်ပစ္စည်း သံတမန်အဖြစ်
ဝင်ငွေတွေ ကောင်းနေဆဲပါ။
.
ဘက်ခမ်ဟာ အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ်
ဦးဆောင်ကစားခဲ့သူ ဖြစ်ပြီး မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်၊
ချန်ပီယံလိဂ်ဖလားတွေကိုပါ ကိုင်မြောက်ခဲ့သူပါ။ အဲဒီနောက် ရီးယဲလ်၊ အယ်လ်အေ ဂလက်ဆီ၊
အေစီမီလန်နဲ့ PSG အသင်းတွေမှာလည်း ကစားခဲ့ပါသေးတယ်။
.
ဗစ်တိုးရီးယားဘက်ခမ်ကတော့ သူမရဲ့ ကြွယ်ဝမှုတွေထဲက အများစုကို
ဖက်ရှင်လုပ်ငန်းကနေ ရရှိခဲ့တာ ဖြစ်ပြီး တချိန်က Spice Girls အဖွဲ့ဝင်ဆိုတဲ့
ပုံရိပ်ကလည်း သူမကို အကူအညီ ဖြစ်စေခဲ့ပါတယ်။
.
ဗြိတိန်ရဲ့ အားကစားဆိုင်ရာ ကြွယ်ဝသူစာရင်းထဲမှာတော့ ကမ္ဘာ့ချန်ပီယံ
၇ ကြိမ် ရထားတဲ့ ဖော်မြူလာဝမ်း ကားမောင်းသမား လူးဝစ်ဟာလ်မီတန်က ဒေါ်လာ ၅၈၂ သန်းနဲ့
အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
.
ဂေါက်သီးရိုက် ချန်ပီယံ ရိုရီ မက်အီရွိုင်းကတော့ ပိုင်ဆိုင်မှု
ဒေါ်လာ ၄၃၅ သန်းနဲ့ အဆင့် ၇ နေရာမှာ ရှိနေပါတယ်။
.
ဘိုင်ယန်မြူးနစ် တိုက်စစ်မှုး ဟယ်ရီကိန်းနဲ့ တင်းနစ် ချန်ပီယံဟောင်း
အန်ဒီမာရေးတို့ကတော့ ပိုင်ဆိုင်မှု ဒေါ်လာ ၁၄၇ သန်းစီနဲ့ အဆင့် ၁၀ နေရာမှာ
ပူးတွဲရပ်တည်နေကြပါတယ်။
#KBZTai #Shan #Sports #Beckham

No comments:
Post a Comment