မိုးကြိုးစက်ကွင်း ထိမှန် သေဆုံးခဲ့သည့် နွားများအတွက် ပိုင်ရှင်များကို ထောက်ပံ့ငွေ ပေးအပ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, May 28, 2026

မိုးကြိုးစက်ကွင်း ထိမှန် သေဆုံးခဲ့သည့် နွားများအတွက် ပိုင်ရှင်များကို ထောက်ပံ့ငွေ ပေးအပ်


ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ မိုးကြိုးစက်ကွင်း ထိမှန်သေဆုံးခဲ့သည့် နွားများအတွက် နစ်နာသူ နွားပိုင်ရှင်များကို ယနေ့ မေလ ၂၈ ရက်က ထောက်ပံ့လှူဒါန်းငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

.

ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု ကောင်ဝါးတောင်ရွာမေလ ၂၁ ရက်က မိုးကြိုးစက်ကွင်း ထိမှန် သေဆုံးခဲ့သည့် နွားကောင်ရေ ၄၉ ကောင်အတွက် နွားပိုင်ရှင်များအား ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ရှမ်းတောင် ပရဟိတ ညီနောင်များကွန်ယက်က ကူညီလှူဒါန်းခဲ့သော ထောက်ပံ့ငွေများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ခွန်ဖိုးစိန် နှင့် အဖွဲ့ဝင်များက သွားရောက်၍ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.



“ ဒီနေ့ ၂ ရီလောက်က ထောက်ပံ့ ပေးအပ်ခဲ့တာပါ။ တောင်သူ စုစုပေါင်း ၁၇ ယောက်ကို ထောက်ပံ့ခဲ့တာပါ။ တချို့က ၃/၄ ကောင် ပါတာ ရှိတယ်။ တချို့က တစ်ကောင်ပါတာ ရှိပါတယ်။ အခုလို လှူဒါန်းကူညီတဲ့ ကမ္ဘောဇဖောင်ဒေးရှင်း နဲ့ ရှမ်းတောင် ပရဟိတညီနောင်များကွန်ယက်ကိုလည်း ကျေးဇူးတင်ပါတယ်။” ဟု ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ခွန်ဖိုးစိန် က ပြောသည်။

.

မိုးကြိုးစက်ကွင်း ထိမှန်သေဆုံးခဲ့သည့် နွားကောင်ရေ ၅၀ ၏ ပိုင်ရှင် ၁၇ ဦးအား နွားတစ်ကောင်လျှင် ၇ သိန်းကျပ်စီဖြင့် စုစုပေါင်း ငွေကျပ် သိန်း ၃၅၀ ကို ထောက်ပံ့လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.



ထို့အပြင် အဆိုပါ ကျေးရွာရှိ ဒေသခံပြည်သူများ အသုံးပြုလျက်ရှိသော သောက်သုံးရေလှောင်ကန် ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြန်လည် ပြုပြင်ရေးအတွက် ကျေးလက်ဌာနနှင့် ပူးပေါင်း၍ လုပ်ဆောင်ရန်ကိုလည်း ဒေသ ဥက္ကဌက လမ်းညွှန် ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

.

#KBZTai #Shan #News  #HsiHseng

No comments:

Post a Comment

Pages