.
၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက်
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့၊
အမှတ် (၂)ရပ်ကွက်၊ ကမ္ဘောဇလမ်းရှိ ကုန်စုံဆိုင် တစ်ခုတွင် မေလ ၁၆ ရက်၊ နံနက်
အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.“ ည ၁၂ ခွဲလောက်က လောင်တာ၊ မနက် ၂ ခွဲလောက်မှာ
မီးငြိမ်းပါတယ်။ ဝါယာရှော့ကနေ စတင် လောင်တာလို့ သိရပါတယ်။ ထိခိုက်မှု
မရှိပါဘူး။”ဟု လားရှိုးမြို့နေ ဒေသခံ တစ်ဦးက ပြောသည်။
.
မီးလောင်မှု ဖြစ်ပွားရာသို့ လားရှိုးခရိုင်မီးသတ်စခန်းမှ
အုပ်ချုပ်မှုယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊
လားရှိုးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊
လားရှိုးမြို့နယ် (၁/၅/၈/၁၂) ရပ်ကွက် အရန်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊
မီးသတ် ရေသယ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ
ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း
ပျက်ဆီးဆုံးရှုးမှုအချို ရှိခဲ့ကြောင်း သိရသည်။
.
.jpg)
No comments:
Post a Comment