.
၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်
.
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆံပင်ပုံစံချင်း
ဆင်တူနေတာကြောင့် “ဒေါ်နယ်ထရမ့်” လို့ နာမည်ပြောင် အပေးခံထားရတဲ့
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကျွဲကြီးဟာ အသတ်ခံရမယ့် အခြေအနေကနေ လွတ်မြောက်သွားခဲ့ပြီး
အမျိုးသားတိရိစ္ဆာန်ဥယျာဉ်ထဲမှာ စောင့်ရှောက်ခံရဖို့ ဖြစ်သွားခဲ့ပါတယ်။
.
.မွတ်စလင်အများစု နေထိုင်ကြတဲ့ ဘင်္ဂလားဒေ့ရှ်မှာ
ဒီကျွဲကြီးက တော်တော်လေး နာမည်ကြီးနေခဲ့ပေမဲ့ အိဒ်နေ့မှာ
အသတ်ခံရမှာဖြစ်တယ်ဆိုတဲ့အကြောင်း ပိုင်ရှင်ကိုယ်တိုင်ကလည်း အသိပေးထားပြီးသားပါ။
.
ဒါပေမဲ့ ဆိုရှယ်မီဒီယာပေါ်မှာ
ရုတ်တရက်ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေ၊ ထရမ့်နဲ့တူတယ်ဆိုတဲ့ စကားတွေ၊
ဒေါ်နယ်ထရမ့်လို့တောင် နာမည်ပေးထားတာတွေရဲ့နောက်မှာတော့ ဒီကျွဲကြီးကို
သတ်ဖြတ်ခွင့် မပြုဘူး ဆိုတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက အမိန့်ထုတ်လိုက်ပါတယ်။
အဲဒီနောက် ပိုင်ရှင်ဆီကနေ ပြန်ဝယ် လိုက်ပြီး အမျိုးသားတိရိစ္ဆာန်ဥယျာဉ်ထဲကို
ပို့လိုက်တာပါ။
.
အလေးချိန် ၇၀၀ ကီလိုဂရမ်ရှိတဲ့ ဒီကျွဲကြီးက
ရှားပါး အယ်ဘီနိုကျွဲအမျိုးအစားဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့
ထင်ရှားတဲ့ဆံပင်ပုံစံလိုမျိုး အဝါဖျော့ရောင် အမွှေးရှည်တွေ ရှိနေတာပါ။ မူလကတော့
အိဒ်နေ့မှာ သတ်ဖြတ်ဖို့ စီစဉ်ခံထားရတာဖြစ်ပေမယ့် အစိုးရက ဝင်ရောက်တားဆီးခဲ့တာဖြစ်ပါတယ်။
.
“အယ်လ်ဘီနိုကျွဲကြီးအတွက် သီးသန့်ခြံတစ်ခု
သတ်မှတ်ထားပြီး စောင့်ရှောက်သူလည်း ခန့်ထားပါတယ်” လို့
အမျိုးသားတိရိစ္ဆာန်ဥယျာဉ်ရဲ့ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
.
ကျွဲရဲ့ အရင်ပိုင်ရှင်ဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ်
အမ်ရီဒါကတော့ သူ့ညီက ဒီကျွဲကို ထရမ့် လို့ နာမည်ပေးခဲ့တာဖြစ်ပြီး ထူးခြားတဲ့
အမွှေးပုံစံကြောင့်လို့ ဆိုပါတယ်။
.
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက လူအများစုဟာ
ဒီကျွဲကြီးနဲ့ ဓာတ်ပုံရိုက်ဖို့ အုပ်စုလိုက် လာရောက်ကြပြီး
ဝေးတဲ့နေရာတွေဆီကနေတောင် တကူးတက လာသူတွေ ရှိပါတယ်။
.
Source ; Bangkok Post
.

No comments:
Post a Comment