ဂျပန်ကလပ်ကိုရှုံးပြီး ဖလားတစ်လုံး လက်လွှတ်လိုက်ရပြန်တဲ့ ရော်နယ်ဒို - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 17, 2026

ဂျပန်ကလပ်ကိုရှုံးပြီး ဖလားတစ်လုံး လက်လွှတ်လိုက်ရပြန်တဲ့ ရော်နယ်ဒို



ရော်နယ်ဒိုကတော့ အယ်လ်နက်ဆာမှာ ဆုဖလား ကံခေနေတာကို မရပ်တန့် နိုင်သေးပါဘူး။ ဒီရာသီမှာ ဖလား ၂ လုံး ရဖို့ အနီးစပ်ဆုံး ဖြစ်နေခဲ့ပေမယ့် လက်ရှိမှာတော့ ဆုဖလား တစ်လုံးကို လက်လွတ်သွားခဲ့ရပါပြီ။
ဂျေလိဂ်မှာတောင် ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မရှိတဲ့ ဂမ်ဘာအိုဆာကု အသင်းကို လူစာရင်းအသာ၊ ကစားပုံ အသာနဲ့ ဖိထားနိုင်ခဲ့ပေမယ့်လည်း တန်ပြန် တိုက်စစ်ကနေ ပေးလိုက်ရတဲ့ တစ်လုံးတည်းသော သွင်းဂိုး တစ်ဂိုးနဲ့ အရှုံး ပေးလိုက်ရပါတယ်။
.
အယ်လ်နက်ဆာဖက်က အပိုင် အခွင့်အရေးတွေ အကြိမ်ကြိမ် ရခဲ့ပေမယ့် ရော်နယ်ဒို၊ ဂျာအိုဖိလစ်တို့ ဖြုန်းတီးပစ်ခဲ့ပြီး ပွဲချိန် မိနစ် ၃၀ မှာ ပေးလိုက်ရတဲ့ ဦးဆောင်ဂိုးကို တစ်ပွဲလုံး ပြန် မချေပနိုင်တာကြောင့် ၁-၀ ဆိုတဲ့ ရလာဒ်နဲ့ ရှုံးသွားခဲ့ရတာ ဖြစ်ပါတယ်။
.
ဥရောပမြေမှာ ချန်ပီယံလိဂ်ဘုရင် ဆိုပြီး နာမည်ကြီးခဲ့တဲ့ ရော်နယ်ဒို တစ်ယောက် အယ်လ်နက်ဆာ အရောက်မှာတော့ အာရှချန်ပီယံလိဂ် ၂ ကိုတောင် မယူနိုင်ပဲ တိုင်ပတ်နေခဲ့တာပါ။ ရော်နယ်ဒို ရဲ့ နောက်ဆုံး ဆုဖလား ရရှိခဲ့တဲ့အချိန်ဟာ ၂၀၂၁ ခုနှစ်၊ မေလ က ဖြစ်ပြီး ဂျုဗင်တပ်စ်နဲ့ ကိုပါအီတာလီယာဖလား ရယူနိုင်ခဲ့တာက သူ့အတွက် နောက်ဆုံး ဖြစ်ခဲ့ပါတယ်။ ရက် နဲ့ တွက်ကြည့်မယ်ဆိုရင်တော့ ရော်နယ်ဒို တစ်ယောက် ဆုဖလားနဲ့ ဝေးနေတာ ရက်ပေါင်း ၁၈၂၃ ရက် ရှိသွားခဲ့ပါပြီ။ ရော်နယ်ဒိုဟာ အယ်လ်နက်ဆာ အသင်းနဲ့ ဆုဖလား ၁၄ လုံး ရရှိနိုင်မယ့် အခွင့်အရေးတွေ ရခဲ့တာ ဖြစ်ပြီး ဖလား ၁၄ လုံးစလုံးကို လွဲချော်ခဲ့တာပါ။
.
ဒီရှုံးပွဲကြောင့် ရော်နယ်ဒိုဟာ သူရရှိမယ့် အပိုဆုကြေး ၇ သန်းကို ဆုံးရှုံးလိုက်ရပြီ ဖြစ်ပြီး သူ့အတွက် ဆော်ဒီ ပြည်တွင်းလိဂ်ဖလား တစ်လုံးကိုပဲ ရရှိဖို့ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။
.
#KBZTai #Shan #Football #Ronaldo

 

No comments:

Post a Comment

Pages