ချယ်လ်ဆီးအသင်း ဖလားတစ်လုံး ဓားပြ တိုက်ခံလိုက်ရတာလို့ အွန်နရီ ပြော - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 17, 2026

ချယ်လ်ဆီးအသင်း ဖလားတစ်လုံး ဓားပြ တိုက်ခံလိုက်ရတာလို့ အွန်နရီ ပြော

 


အာဆင်နယ်အသင်း တိုက်စစ်မှုးဟောင်း အွန်နရီက မနေ့ညက ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ရဲ့ FA ဖလား ဗိုလ်လုပွဲစဉ်မှာ ချယ်လ်ဆီး အနိုင်ရသင့်ပါလျက်နဲ့ ဖလားဓားပြ တိုက်ခံလိုက်ရတယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။
.
မနေ့ညက ကစားခဲ့တဲ့ပွဲမှ မန်စီးတီးက ချယ်လ် ဆီးကို ဆီမန်ညိုရဲ့လှပတဲ့ သွင်းဂိုး တစ်ဂိုးတည်းနဲ့ ကပ်နိုင်ခဲ့ပြီး FA ဖလားကို ၈ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာပါ။ အွန်နရီကတော့ ဒီပွဲရဲ့ VAR ဒိုင်လူကြီးကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပြီး ချယ်လ်ဆီးက ဒီပွဲမှာ ပင်နယ်တီ ရသင့်တဲ့အကြောင်း မှတ်ချက် ပေးသွားပါတယ်။
.
တကယ်လို့ ဒီလိုဆုံးဖြတ်ချက်မျိုးတွေ မန်စီးတီးအသင်းအပေါ်မှာသာ ဖြစ်သွားရင် လူတွေက လာဘ် စားတယ်ဆိုပြီး တစ်ပတ်လုံး အော်နေကြမှာ။ ဒါပေမယ့် ချယ်လ်ဆီးအတွက်ကတော့ ဖလား တစ်လုံး ဓားပြ တိုက်ခံလိုက်ရတာပါပဲ။ ပထမပိုင်း မပြီးခင် ဂျာအိုပက်ဒရို ဖျက်ထုတ်ခံလိုက်ရတဲ့ အလုံးက ကျွန်တော့် အတွက်တော့ ပင်နယ်တီ ပါပဲ။ မြင်ကွင်းက ရှင်းနေတာပဲလေ။ ကူဆာနော့ဗ်က ဘောလုံးကို ဖျက်ဖို့တောင် မကြိုးစားပဲ လူကို ဝင် တိုက်ပစ်ခဲ့တာ။

နောက်ပြီး ဒုတိယပိုင်းမှာ ကိုင်ဆီဒို ဧရိယာထဲ ဝင်လာတာကို ဒိုကုက ခြေထောက်နဲ့ ချိတ်လှဲ ပစ်လိုက်တာကိုလည်း VAR တောင် ပြန်မကြည့်ဘူး။ ပြီးတော့ လက်ထိဘောကရော။ အန်ဇိုရဲ့ဖြတ်တင်ဘောက အိုရိုင်လီရဲ့ လက်မောင်းကို ထိသွားတာကို ဒိုင်က VAR နဲ့ မစစ်ပေးခဲ့ပြန်ဘူး။ ဒီလို လက်ထိဘောတွေကို တစ်ရာသီလုံး ပင်နယ်တီ ပေးလာခဲ့တာပဲဗျာ၊ အခုကျမှ VAR တောင် ပြန်မကြည့်ဘူးဆိုတာ ဖြစ်သင့်ရဲ့လား။

ပြောရရင် ချယ်လ်ဆီးက ပွဲအဖြေကို ပြောင်းလဲဖို့ ကြီးမားတဲ့ အခိုက်အတန့် ၃ ခု ပိုင်ဆိုင်ခဲ့ပြီး ၃ ကြိမ်လုံး ဘာအခွင့်အရေးမှ မရခဲ့ပါဘူး။ တကယ်လို့ အာဆင်နယ် ဒါမှမဟုတ် လီဗာပူးလ်လိုအသင်းမျိုးသာ ဗိုလ်လုပွဲရောက်ခဲ့ပြီး ဒီလိုမျိုး ဆက်ဆံခံခဲ့ရတယ်ဆိုရင် ဘောလုံးလောကမှာ လနဲ့ချီပြီး ဒီလိုမျိုး ပြောနေကြမှာပါ။
ချယ်လ်ဆီးက ဒီပွဲမှာ ဒိုင်တွေရဲ့ဆုံးဖြတ်ချက်ကြောင့် ဖလားနဲ့ လွဲသွားခဲ့ရတာပါ” လို့ အွန်နရီက ပြောဆိုသွားခဲ့ပါတယ်။

#KBZTai #Shan #Football #FACUP #Chelsea

.

No comments:

Post a Comment

Pages