သီပေါဆေးရုံအတွင်းရှိ လမ်းညွှန်ဆိုင်းဘုတ်များကို ရှမ်းဘာသာဖြင့်ပါ ထည့်သွင်းရန် လမ်းညွှန်ထား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, May 12, 2026

သီပေါဆေးရုံအတွင်းရှိ လမ်းညွှန်ဆိုင်းဘုတ်များကို ရှမ်းဘာသာဖြင့်ပါ ထည့်သွင်းရန် လမ်းညွှန်ထား

 


.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့ ပြည်သူ့ဆေးရုံရှိ လမ်းညွှန်ဆိုင်းဘုတ်များကို မြန်မာဘာသာ၊ ရှမ်း (သျှမ်း) ဘာသာ နှစ်မျိုးစလုံး ထည့်သွင်းရန် လမ်းညွှန်ခဲ့သည်ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထံမှ သိရသည်။

.

“ ခဏ ခဏ သွား ကြည့်ဖြစ်တယ်၊ လိုအပ်တာလေးတွေ လမ်းညွှန်မှာကြားမှု ပြုလုပ်ရင်းနဲ့ ဆိုင်းဘုတ်တွေကိုလည်း မြန်မာ၊ ရှမ်းပေါ့။ တချို့နေရာတွေကြတော့လည်း အင်္ဂလိပ်ပေါ့၊ ဘာသာ ၃ ခုနဲ့ ပြည်သူတွေ လွယ်လွယ်ကူကူနဲ့ ကြည့်နိုင်အောင် ဆောင်ရွက်ဖို့ ပြောထားပါတယ်။ သီပေါမှာက မြန်မာစကား မပေါက်တာ များတယ်၊ အများစုက တောင်ပေါ်ဒေသက လာကြတော့ မြန်မာစကားကို နားမလည်ကြဘူး။ အရင်ကလည်း သစ်သားဆိုင်းဘုတ်တွေနဲ့ လုပ်တာ ရှိခဲ့တယ်။ ခုလည်း ဆက်လုပ်ဖို့ စီစဉ်တာပါ။” ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းကောင်းသက်စံ က ပြောသည်။

.

ယခင်ကလည်း ဆေးရုံတွင် မြန်မာဘာသာအပြင် ရှမ်းဘာသာဖြင့်ပါ ရေးသားလမ်းညွှန်သည့် အစဉ်အလာ ရှိခဲ့ပြီး တိုက်ပွဲများကြောင် ပျက်ဆီးမှုများ ရှိခဲ့ပြီးနောက် ပြန်လည် ပြင်ဆင် ဆောက်လုပ်ရာတွင် အစဉ်အလာအတိုင်း လုပ်ဆောင်ရန် လမ်းညွန်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

.

သီပေါပြည်သူ့ဆေးရုံတွင် လိုအပ်သည့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ ဝန်ထမ်း လိုအပ်ချက်များအား တာဝန်ရှိသူများထံ တင်ပြ၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် လွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်း ၄ ခု၊ ကြယ်ပွင့်မပြ မေးခွန်း ၂ ခု တင်ထားပြီး လက်ရှိတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

.

ထို့အပြင် ဒေသခံပြည်သူများ လိုလားလျက် ရှိသော သီပေါတံတားအား ပြန်လည် ဖွင့်လှစ်ရန်အတွက် ပြည်ထောင်စုအဆင့်တွင် လွတ်တော်ကိုယ်စားလှယ် အနေဖြင့် ဆွေးနွေးထားလျက် ရှိပြီး မကြာမီကာလအတွင်း ပြေလည်သွားမည် ဖြစ်သည်ဟုလည်း သိရသည်။

.

#KBZTai #Hsipaw #News

.
Link -

No comments:

Post a Comment

Pages