တာချီလိတ်တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 31, 2026

တာချီလိတ်တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလုကျေးရွာတွင် ယမန်နေ့ မေလ ၃၀ ရက်၊ ညပိုင်းက ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

.

.

ရဲတပ်ဖွဲ့ဝင်များက ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံကို CCTV မှတ်တမ်းများမှတစ်ဆင့် စုံစမ်းနေစဉ် သတင်းအရ စန်းလုကျေးရွာရှိ လော်ဂေါ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ထိုသို့ သွားရောက်စစ်ဆေး ရှာဖွေရာတွင် လော်ဂေါ်ကို မတွေ့ရှိရဘဲ ၎င်း၏ဇနီးဖြစ်သူ မီတီးကိုသာ တွေ့ရပြီး နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၃၂ သိန်းခန့်၊ အိုက်စ် ၄၄ ကီလိုခန့်၊ ဘိန်း ၃ ကီလိုခန့်အပြင် မူးယစ် ဆေးဝါး ထုတ်လုပ်ရာမှာ အသုံးပြုနိုင်သည့် ဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကာ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ၏ စုစုပေါင်း တန်ဖိုးမှာ ငွေကျပ် ၁ ဒသမ ၆၆ ဘီလီယံကျော်ခန့်ရှိကြောင်း သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မီတီးကို စစ်ဆေးမေးမြန်းနေပြီး ကွင်းဆက် ပါဝင်ပတ်သက်သူများကို စစ်ဆေးလျက်ရှိကာ ထွက်ပြေးတိမ်းရှောင်နေသူ လော်ဂေါ်ကိုလည်း ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

အလားတူ ယမန်နေ့ မေလ ၃၀ ရက်၊ နံနက်ပိုင်းကလည်း တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးဂိတ်တွင် စိတ်ကြွဆေးပြား ၁ သိန်း ဖမ်းဆီးရမိခဲ့ပြီး သယ်ဆောင်လာသူမှာ ဆိုင်ကယ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages