ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဌာန၏ Facebook Page အပြင် Tiktok အကောင့်ကိုပါ ဖွင့်လှစ်ထားကြောင်း သိရသည်။
.
Facebook
Page ကို ပြီးခဲ့သည့် မေလ ၃ ရက်က စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များကိုမူ
မေလ ၁၄ ရက်တွင် စတင်ထုတ်လွှင့်ခြင်း ဖြစ်သည်ကို တွေ့မြင်ရသည်။
.
“ စည်ပင်သာယာရဲ့
လှုပ်ရှားဆောင်ရွက်မှုတွေ၊ ကျွန်တော်တို့ဌာနရဲ့ ဆောင်ရွက်ချက်တွေကို ပြည်သူတွေ သိရှိအောင်၊
ရက် ၁၀၀ စီမံချက်အတွင်းမှာ ပါတဲ့လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန် ကြိုးစားပြီး လုပ်နေတဲ့
အကြောင်းတွေကို သိအောင်လို့ ရည်ရွယ်ပြီး လုပ်ဆောင်တာပါ။” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင်
သက်ဆိုင်ရာဝန်ကြီးဌာနများအနက် ပထမဆုံး ဖွင့်လှစ်သည့် ဝန်ကြီးဌာန ဖြစ်သည့်အတွက် ကြိုဆိုကြောင်းနှင့်
ကျန်သည့်ဌာနများလည်း လိုက်ပါ ဆောင်ရွက်သင့်သည်ဟု တောင်ကြီးမြို့ခံ လွတ်လပ်သည့် သတင်းမီဒီယာသမား
တစ်ဦးက ပြောသည်။
.
“ ဒါက
အရမ်းကောင်းပါတယ်၊ ပြည်သူလူထုတွေ လိုချင်တဲ့ ကိစ္စလည်း ဖြစ်တယ်။ နောက်တစ်ချက်က ဌာန
အနေနဲ့ ပွင့်လင်းမြင်သာမှုလည်း ရှိတယ်၊ တာဝန်ယူမှု တာဝန်ခံမှု ရှိတာပေါ့။ သန့်ရှင်းတဲ့အစိုးရ၊
ပွင့်လင်းတဲ့ အစိုးရ ဖြစ်ဖို့ဆိုရင် ဒီအချက်တွေက အရေးကြီးတာပေါ့။ အဲလိုမျိုး ဌာနတိုင်းက
အများပြည်သူကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးနေမယ်ဆိုရင် ပြည်သူလူထုရဲ့ သတင်းအချက်အလက်
လက်လှမ်းမီမှုက ပို အဆင်ပြေလာတာပေါ့။ အရင်အစိုးရ လက်ထက်ကဆို ရွေးကောက်ပွဲကော်မရှင်
(ရှမ်းပြည်နယ်) ဆိုရင် Blue Mark တောင် ပေးထားတာ၊ ဒါပေမယ့် ဘာမှ မတင်နိုင်ဘူး၊ အဲလိုမျိုးကြတော့လည်း
အဆင်မပြေပြန်ဘူးပေါ့။ အဲဒီတော့ လွှတ်တော်က အစ၊ ဌာနတွေအဆုံး အကုန်လုံးက ပွင့်လင်းမြင်သာစွာ
ဆောင်ရွက်မယ်ဆိုရင် ပြည်သူတစ်ယောက်အနေနဲ့ရော၊ မီဒီယာသမား တစ်ယောက်အနေနဲ့ရော ကြိုဆိုပါတယ်။”
ဟု ၎င်းက ဆိုသည်။
.
ထို့အပြင်
တောင်ကြီးအခြေစိုက် ရှမ်းဂေဇက်မီဒီယာ၏ အယ်ဒီတာ တစ်ဦးကလည်း ပြည်သူများ၏ သတင်းသိပိုင်ခွင့်ကို
ဖော်ဆောင်ခြင်းသည် သက်ဆိုင်ရာဌာနများ၏ တာဝန်ဖြစ်ကြောင်းနှင့် သတင်းထုတ်ပြန်ရာတွင် ဖဲကြိုးဖြတ်၊
အခမ်းအနားတက်သည့် အကြောင်းအရာမျိုးထက် ပြည်သူများ သိလိုသော သတင်းအချက်အလက်ကို မှန်ကန်တိကျစွာ
ထုတ်ပြန်ပေးရန် လိုအပ်သည်ဟု အကြံပြုသည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့
Facebook Page မှာမူ ၂၀၂၁ ခုနှစ်ကတည်းက သတင်းအချက်အလက် ထုတ်လွှင့်ခြင်း မရှိတော့ဘဲ
website တွင်မူ လက်ရှိ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ လုပ်ဆောင်ချက်အချို့ ထုတ်လွှင့်ထားသော်လည်း
ကျန် အချက်အလက်များမှာမူ ပြင်ဆင်မှု မရှိသေးသည်ကို တွေ့ရသည်။
.
#KBZTai
#Shan #Government

No comments:
Post a Comment