ချင်းမိုင်တက္ကသိုလ် ဆေးပညာဌာနက ခွဲစိတ်ဆရာဝန်တွေဟာ Hugo Robotic-assisted surgery system ကို အသုံးပြုပြီး အသက်ရှင်နေတဲ့ အသည်းလှူဒါန်းသူဆီကနေ အသည်း ထုတ်ယူပြီး အသည်းအစားထိုး ကုသမှုကို ကမ္ဘာ့ပထမဆုံး အဖြစ် ပြုလုပ်နိုင်ခဲ့ကြပါတယ်။
.
ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဆေးပညာဌာနက
သူတို့ရဲ့ အောင်မြင်မှုကို ကြေညာခဲ့ပြီး အသက်ရှင်လျက်ရှိ တဲ့ အသည်းလှူဒါန်းသူ ၂
ဦးဆီကနေ စက်ရုပ် အကူအညီနဲ့ အသည်း ထုတ်ယူနိုင်ခဲ့တဲ့ အကြောင်း ဖော်ပြခဲ့ကြတာပါ။
.
ပထမခွဲ စိတ်မှုမှာတော့ အသက် ၄၀ အရွယ် မိခင်က သူမရဲ့ အသက် ၉
နှစ်အရွယ် သမီးကို အသည်း အစိတ်အပိုင်း တစ်ခု ပေးခဲ့တာ ဖြစ်ပြီး ကလေးငယ်က မွေးရာပါ သည်းခြေပြွန်
ပိတ်ဆို့တဲ့ ရောဂါနဲ့ မွေးဖွားလာခဲ့တာပါ။ အဲဒီ နောက်မှာတော့ အသည်းခြောက်ရောဂါကိုပါ
ခံစားခဲ့ရပြီး အဆုတ်နဲ့ သွေးပေါင်ချိန်ကိုပါ ထိခိုက်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေ
ဖြစ်လာခဲ့တာပါ။
.
ဒုတိယ ခွဲစိတ်မှုကတော့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးက
သူမရဲ့အသက် ၆၁ နှစ်အရွယ် ဖခင်ဖြစ်သူကို အသည်း အစိတ်အပိုင်း တစ်ခု လှူဒါန်းခဲ့တာ ဖြစ်ပြီး
ဖခင်က အသည်းခြောက်ရောဂါနဲ့ အသည်းကင်ဆာ ရောဂါတွေကို ခံစားနေရတာပါ။
.
အသည်း လှူဒါန်းသူ နှစ်ဦးစလုံးက ခွဲစိတ်မှု ပြီးတဲ့နောက် ပုံမှန် အခြေအနေအတိုင်း
ပြန်လည် ကောင်းမွန်လာခဲ့သလို လှူဒါန်းမှု ခံယူခဲ့ရတဲ့ လူနာ ၂ ဦးကလည်း သိသာတဲ့ တိုးတက်မှု အခြေအနေတွေ ဖြစ်ပေါ်နေတာပါ။
.
ခွဲစိတ်မှုကို ဦးဆောင်ခဲ့တဲ့ တွဲဖက်ပါမောက္ခ ဒေါက်တာ ချန်ရန်ဆရီ က
ခွဲစိတ်မှုဟာ အသည်းရဲ့ အရေးကြီးတဲ့ သွေးကြောနဲ့ အစိတ်အပိုင်းတွေ နားမှာ
လုပ်ဆောင်ရတာ ဖြစ်တာကြောင့် စက်ရုပ်တွေရဲ့ တိကျမှုက အရမ်းကို အရေးပါတဲ့အကြောင်း
ပြောဆိုသွားခဲ့ပါတယ်။
.
Source : Bangkok Post
.
#KBZTai #Shan #Health #ChiangMai

No comments:
Post a Comment